အမေရိကန်ပြည်ထောင်စု၊  ဖလော်ရီဒါပြည်နယ်တွင်  ကျင်းပပြုလုပ်ခဲ့သည့်  The Future Collegians World Tour
( FCWT ) Junior Golf Tournament ၌   မြန်မာဂျူနီယာ  အားကစားသမား  စည်သူရဲရင့်  ပထမဆုရရှိခဲ့သည့်အတွက်  ဂုဏ်ယူဝမ်းမြောက်ခြင်း

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် ( ၂၃.၂.၂၀၁၃ မှ ၂၄.၂.၂၀၁၃ ) ရက်ထိ ကျင်းပခဲ့သော The Future Collegians World Tour (FCWT) Junior Golf Tournament ၌  မြန်မာနိုင်ငံမှ ဂျူနီယာ  ဂေါက်သီးအားကစားသမား  စည်သူရဲရင့်သည် နောက်ဆုံးနေ့  ရိုက်ချက် (၆၇) ချက် ရိုက်ပြီး နှစ်ရက်ပေါင်း သတ်မှတ်ရိုက်ချက်ထက် (၆) ချက်လျော့ဖြင့် နှစ်ရက်ပေါင်း (၄) ချက်လျော့ရိုက် ထားသော မက္ကဆီကိုနိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ ဂေါက်သီးအားကစားသမား နှစ်ဦးတို့အား နှစ်ချက်သာဖြင့် ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ထို့အတွက်  စည်သူရဲရင့်၏  အောင်မြင်မှုသည်   မြန်မာ့ဂေါက်သီးသမိုင်းအတွက်  ထူးခြားသော  ပထမဆုံး အောင်မြင်မှုဖြစ်သည့်အတွက်  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်အနေဖြင့်  ဂုဏ်ယူဝမ်းမြောက် ပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။