18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ ================== ဧပြီ ၉ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသော 18th TrueVisions International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိခဲ့သည်။ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမားကိုးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Consolations Class B Boys တွင် ထွန်းသူရိန်က ပထမ၊ Consolations Class D Boys တွင် ကျော်လင်းထက်က တတိယဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှနိုင်ငံများမှ လူငယ်ဂေါက်သီးရိုက်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်ပွဲရ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့တွင် အုပ်ချုပ်သူအဖြစ်…

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ ———————– ဧပြီ ၁၂ ရက်မှ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် CAA Women’s Golf Championship USA 2019 ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမားမယ် ဖူးပွင့်ရတီခိုင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင် တက်ရောက်ပညာသင်ကြားနေရင်းမှ ကျောင်းကိုယ်စားပြုကာ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ အသင်းလိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင်နှင့် ကစားဖော်များပါဝင်သည့် UNCW အသင်းက ချန်ပီယံဆုရခဲ့ပြီး တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဖူးပွင့်ရတီခိုင်မှာ ချန်ပီယံဆုရရှိခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် ကျောင်းကိုယ်စားပြုယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံသူအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။