Amature News

အမေရိကန်နိုင်ငံ Chicago _ Mistwood Golf Club တွင် July 16 မှ ၁၈ ရက်နေ့ထိကျင်းပပြုလုပ်သော Professional နှင့် Amateur များ ပါဝင်သည့် 23rd Annual Phi Kosin Illinois Women’s Open ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Amateur အဆင့်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အိန်ဂျယ်လာအောင်က 72+74+71=217(+1) ရိုက်ပြီး အဆင့် ၈ Top 8 ရပ်တည်ခဲ့ကြောင်းတွေ့ရသည်။  ၀င့်ဖူးနဒီအောင် ခေါ် အိန်ဂျယ်လာအောင်သည် ၂၀၁၈ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ပြိုင်ပွဲ၏ နေပြည်တော်ပွဲစဉ်နှင့် ပဲခူးပွဲစဉ် ၂ ပွဲ၏ Winner လဲဖြစ်သည်။ ၄င်းသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်လျက်ရှိပြီး World Ranking အတွက် Angela Aung အမည်ဖြင့် ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။