2019Junior NewsNews

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ
———————–
ဧပြီ ၁၂ ရက်မှ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် CAA Women’s Golf Championship USA 2019 ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမားမယ် ဖူးပွင့်ရတီခိုင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။
ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင် တက်ရောက်ပညာသင်ကြားနေရင်းမှ ကျောင်းကိုယ်စားပြုကာ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ အသင်းလိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင်နှင့် ကစားဖော်များပါဝင်သည့် UNCW အသင်းက ချန်ပီယံဆုရခဲ့ပြီး တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဖူးပွင့်ရတီခိုင်မှာ ချန်ပီယံဆုရရှိခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် ကျောင်းကိုယ်စားပြုယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံသူအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။