၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ

မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့မှ ကြီးမှူးပြီး ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများကို Myanmar Zwe Mann Co Ltd မှအဓိကကူညီပံ့ပိုးပေးသော ပထမပွဲစဉ်အား မေ (၂၃)ရက်မှ(၂၆)ရက်နေ့အထိမော်လမြိုင်မြို့ ရွှေနတ်တောင် ဂေါက်ကွင်းတွင်လည်းကောင်း၊ Myawaddy Bank Ltd မှအဓိကကူညီပံ့ပိုးပေးသော ဒုတိယပွဲစဉ်အား ဇွန်(၁၃)ရက်မှ (၁၆)ရက် နေ့အထိ ပဲခူးမြို့ ဟံသာဝတီဂေါက်ကွင်းတွင်လည်းကောင်း၊ Telecom International Myanmar Co., Ltd (Mytel)မှ အဓိကူညီပံ့ပိုးပေးသော တတိယပွဲစဉ်အား စက်တင်ဘာ(၁၇)ရက်မှ(၂၀)ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံဂေါက်ကွင်း တွင်လည်းကောင်း၊ SAE PAING Development Ltd မှအဓိကူညီပံ့ပိုးပေးသောစတုတ္ထပွဲစဉ်အား အောက်တိုဘာ (၁)ရက်မှ(၄)ရက် နေ့အထိ ရန်ကုန်မြို့ တညင်းကုန်းဂေါက်ကွင်းတွင်လည်းကောင်း၊ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar)မှ အဓိကကူညီပံ့ပိုးပေးသော ပဉ္စမပွဲစဉ်အားအောက်တိုဘာ (၂၂)ရက်မှ (၂၅)ရက်နေ့အထိ ပုဂံဂေါက်ကွင်းတွင်လည်းကောင်း၊ Innwa Bank Ltd မှအဓိကကူညီပံ့ပိုးပေးသော ဆဋ္ဌမ
မြောက်ပွဲစဉ်အား နိုဝင်ဘာ (၂၁)ရက်မှ(၂၄)ရက်နေ့အထိ ပြင်ဦးလွင် မြို့ရှိချယ်ရီလွင်ဂေါက်ကွင်းတွင်လည်းကောင်း ကျင်းပသွားမည်ဖြစ် သည်။