မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝါသနာရှင်အဆင့်ပြိုင်ပွဲနှင့် သက်ကြီးတန်းပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်အောင်က ရန်ကုန်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း အမှုဆောင် ဦးစစ်တိုင်းအောင်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် ဝါသနာရှင်အဆင့် သက်ကြီးတန်းအားကစားသမားများဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ရွှေက ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၁၅၆ ချက်ဖြင့် ဒုတိယရရှိသည့် ဦးဆန်းမင်း၊ စုစုပေါင်းရိုက်ချက် ၁၅၃ ချက်ဖြင့် ပထမဆုရရှိသော ဦးကိုကိုအေးတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်…

Details

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၉ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ ဝါသနာရှင် အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ တွဲဖက်အတွင်းရေးမှူး ဦးမြင့်အောင်နှင့်ဦးကျော်ကိုကိုချစ်၊ ဘဏ္ဍာရေးမှူး ဦးဇေယျာအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင် မောင်ဝင်း၊ ဦးအောင်ကိုဇော်နှင့် ရန်ကုန်ဂေါက်ကွင်း အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။ ယနေ့ ပြိုင်ပွဲတွင် ဝါသနာရှင် အဆင့်…

Details

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၆ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ (၉)မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ဖေဖော်ဝါရီ (၁၆)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။ ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးတင်မောင်မောင်ဝင်းမှ မြန်မာဂေါက်သီးရိုက်အသင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အားပေးအပ်ရာ မြန်မာဂေါက်သီးရိုက်အသင်း အတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ လက်ခံရယူသည်။ ထို့နောက် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးမှ အသက်အငယ်ဆုံးနှင့် ကြိုးစားယှဉ်ပြိုင်သော လင်းမြတ်မွန်အား လည်းကောင်း၊ မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဒေါက်တာချိုထွန်းမှ အသက် ၁၂နှစ်အောက်သက်တမ်း တွင်စုစုပေါင်းရိုက်ချက် ၁၈၁ ချက်ဖြင့် ဒုတိယဆုရရှိသော ရဲမင်းသန့် အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁…

Details

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ (၉)မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက် အသင်း၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ Junior Golf Myanmar (JGM)၊ မြန်မာဂေါက်သီးရိုက်အသင်း မှအမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဒေါက်တာချိုထွန်း၊ Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကိုကိုချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်း၊ Junior Golf Myanmar…

Details

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကို မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ၏ (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်သောင်းမှ မြို့တော်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အားပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်မှ လက်ခံရယူပြီး၊ Burmese Golf Myanmar မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကိုကိုချစ်က စုစုပေါင်းရိုက်ချက် ၂၉၅ချက်ဖြင့် Best Amateur Player ဆုရရှိသူ မင်းစစ်သွေးအား ပေးအပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက Senior Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၂၁ချက်ဖြင့်…

Details

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇာနည်ဝင်းတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။…

Details

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၆ရက်နေ့မှ ၉ရက်နေ့အထိ ငွေသော်တာဂေါက်ကွင်းတွင် Tour Pro နှင့် Senior Pro အဆင့်အားလည်းကောင်း၊ ၁၅ရက်နေ့မှ ၁၆ရက်နေ့အထိ မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်တွင် Junior အဆင့်ပြိုင်ပွဲအား လည်းကောင်း၊ ၁၉ရက်နေ့မှ ၂၂ ရက်နေ့အထိ ဝါသနာရှင်အဆင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲအား ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ Junior အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား ၁၂နှစ်အောက်သက်တမ်း၊ ၁၄နှစ်အောက်သက်တမ်း၊ ၁၈နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး (၁၈)နှစ်အောက်သက်တမ်း ဟူ၍ကျင်းပသွားမည်ဖြစ်ပြီး၊ ဝါသနာရှင်အဆင့်တွင် (အမျိုးသား)(H’cap 0-12) အဆင့်နှင့်(အမျိုးသမီး) (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး၊…

Details

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ Professional ကစားသမားများ လက်ရည်စစ်ပွဲအောင်မြင်

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ Professional ကစားသမားများဖြစ်ကြသည့် ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုးနှင့် ကျော်သက်ဦးတို့သည် လက်ရည်စစ်ပွဲ အောင်မြင်ပြီး 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည် လက်ရည်စစ်ပွဲကို ထိုင်းနိုင်ငံ Kabinburi Sport Club, Prachinburi တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၂ရက်မှ ၂၅ရက်နေ့အထိ ပထမအဆင့် လက်ရည်စစ်ပြိုင်ပွဲအား ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဘိုဘိုလေး၊ ဇော်ဇော်လတ်၊ သီဟဌေး၊ စိုးမိုးဝင်းနှင့်ရန်မျိုးအေးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဘိုဘိုလေးက စုစုပေါင်းရိုက်ချက် ၂၈၉ချက်၊ ဇော်ဇော်လတ်က စုစုပေါင်းရိုက်ချက် ၂၉၀ချက်နှင့် သီဟဌေးက စုစုပေါင်းရိုက်ချက် ၂၉၉ချက်တို့ဖြင့် ပထမအဆင့် လက်ရည်စစ်ပွဲကိုအောင်မြင်ခဲ့ကြသည်။ 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ…

Details

MGT 2022 သတင်းအား ပြန်လည်ပြင်ဆင်ခြင်း

Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကို ပြင်ဦးလွင်မြို့၊ ချယ်ရီလွင် တပ်မတော်ဂေါက်ကလပ် ၌ဆက်လက်ပြုလုပ် မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ ချယ်ရီလွင် တပ်မတော် ဂေါက်ကလပ်၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဦးကိုကိုအေးမှ ပြိုင်ပွဲကို အဓိကကူညီပံ့ပိုးပေးသော Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့်…

Details