ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့၌ ကျင်းပမည့်ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ သွားရောက်ယှဉ်ပြိုင်မည်

ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့၌ ကျင်းပမည့်ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ သွားရောက်ယှဉ်ပြိုင်မည် ================================================== ၂၀၁၉ ခုနှစ် ဇူလိုင် ၄ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပမည့် 15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲနှင့် 8th VIETNAM LADIES AMATEUR OPEN 2019 (VLAO) ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမား များ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှနိုင်ငံ့ လက်ရွေးစင်ကစားသမား ခြောက်ဦးသည် ပြိုင်ပွဲနှစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး 15th VIETNAM AMATEUR OPEN 2019 ပြိုင်ပွဲတွင် မြန်မာအမျိုးသားဂေါက်သီးအားကစား သမားများဖြစ်သော လှိုင်မင်းထက်၊…

Details

၂၀၁၉ ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ပြင်ဦးလွင်မြို့တွင်ဖွင့်လှစ်

၂၀၁၉ ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ပြင်ဦးလွင်မြို့တွင်ဖွင့်လှစ် ============================ မြန်မာနိုင်ငံဂေါက်သီးအားကစားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နှင့် R&A တို့ပူးပေါင်း ဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019)ကို၂၀၁၉ခုနှစ် ဇွန်လ (၂၉)ရက်နေ့နံနက်ပိုင်းတွင်ပြင်ဦးလွင်မြို့၊ ပြင်ဦးလွင် ဂေါက်ကွင်းတွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ သင်တန်းပို့ချမည့်နည်းပြများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြ သည်။ ထို့နောက်မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းတို့မှအမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်မှပြင်ဦးလွင်ဂေါက်ကွင်းသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာပြင်ဦးလွင်ဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းမှလက်ခံ ရယူသည်။သင်တန်းသို့ ဂေါက်သီးအားကစား စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀)…

Details

စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်

စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင် ===================== မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမားများသည် စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Singapore Junior Golf Championship 2019 ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်ကစားသမား ၁၁ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ၏ Boy-B ပြိုင်ပွဲတွင် မင်းသံလွင်အောင်က အဆင့် (၅)၊ ထွန်းသူရိန်က အဆင့် (၁၂)၊ Boy-A ပြိုင်ပွဲတွင် ဇွဲထက်အောင်နှင့် မင်းထက်အောင်တို့က အဆင့် (၁၁)၊ ကောင်းမြတ်ကျော်က အဆင့် (၁၃)၊ Girl-A ပြိုင်ပွဲတွင် သံလွင်မိုးသက်က အဆင့် (၇)…

Details

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ ================== ဧပြီ ၉ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသော 18th TrueVisions International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိခဲ့သည်။ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမားကိုးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Consolations Class B Boys တွင် ထွန်းသူရိန်က ပထမ၊ Consolations Class D Boys တွင် ကျော်လင်းထက်က တတိယဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှနိုင်ငံများမှ လူငယ်ဂေါက်သီးရိုက်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်ပွဲရ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့တွင် အုပ်ချုပ်သူအဖြစ်…

Details