2019Amature NewsNews

အမေရိကန်နိုင်ငံ၌ကျင်းပသည့် ဂေါက်သီးပြိုင်ပွဲတွင် မ၀င့်ဖူးနဒီအောင် @ Angela Aung အောင်မြင်မှုရရှိ
=========================================
အမေရိကန်၌ သြဂုတ် (၉)ရက်မှ (၁၁)ထိ Seabrook Island Club, Oceanwinds Course တွင်ကျင်းပသည့် South Carolina Women’s Open
မ၀င့်ဖူးနဒီအောင်သည် အမေရိကန် နိုင်ငံရှိ Indiana University တွင်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးဖြစ်ပြီး၊ ယင်းပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၀င့်ဖူးနဒီအောင်သည် သုံးရက်ပေါင်းရိုက်ချက် (၂၁၈) ချက်ဖြင့် သတ်မှတ် ရိုက်ချက် ထက် (၂)ချက်ပိုရိုက်ကာ ပထမနေရာတွင် ရိုက်ချက်တူနေသော ကြောင့် ကျင်းပို (၄)ကျင်းကစားကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမား (၂၁)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။