2019Amature NewsNews

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် VIETNAM AMATEUR OPEN 2019 ဂေါက်သီး ရိုက်ပြိုင်ပွဲ တွင် မြန်မာဂေါက်သီးရိုက်အားကစားသမားများ ပထမ၊ ဒုတိယနှင့် တတိယဆုများ အသီးသီးဆွတ်ခူး
===================================================
၂၀၁၉ ခုနှစ် ဇူလိုင် ၄ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပသည့် 15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသားဂေါက်သီးအားကစားသမားများသည် ပထမ၊ ဒုတိယနှင့် တတိယဆုများ ရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် မြန်မာ အမျိုးသားဂေါက်သီးအားကစားသမား (၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည့်ဖြိုးသူက ပထမ၊ လှိုင်မင်းထက်က ဒုတိယ၊ သီဟမျိုးဆက်က တတိယ နှင့် ရာဇာအောင်ကအဆင့် (၉) ရရှိကာ 8th VIETNAM LADIES AMATEUR OPEN 2019 ပြိုင်ပွဲသို့ အမျိုးသမီးကစားသမား (၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဖူးပွင့်ရတီခိုင်က ဒုတိယနှင့် သင်းဝေခိုင်က အဆင့် (၆)အသီးသီးဆုများဆွတ်ခူးရရှိကြကြောင်းသတင်းရရှိသည်။