2019Amature NewsNews

ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့၌ ကျင်းပမည့်ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ သွားရောက်ယှဉ်ပြိုင်မည်

==================================================

၂၀၁၉ ခုနှစ် ဇူလိုင် ၄ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပမည့် 15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲနှင့် 8th VIETNAM LADIES AMATEUR OPEN 2019 (VLAO) ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမား များ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှနိုင်ငံ့ လက်ရွေးစင်ကစားသမား ခြောက်ဦးသည် ပြိုင်ပွဲနှစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး 15th VIETNAM AMATEUR OPEN 2019 ပြိုင်ပွဲတွင် မြန်မာအမျိုးသားဂေါက်သီးအားကစား သမားများဖြစ်သော လှိုင်မင်းထက်၊ ရာဇာအောင်၊ ပြည့်ဖြိုးသူ၊ သီဟမျိုးဆက်နှင့် 8th VIETNAM LADIES AMATEUR OPEN 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသမီးဂေါက်သီးအားကစားသမားများဖြစ်ကြ​သော ဖူးပွင့်ရတီခိုင်နှင့် သင်းဝေခိုင်တို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့အပြင် မြန်မာအမျိုးသား ဂေါက်သီးအားကစားသမားများဖြစ်ကြသော လှိုင်မင်းထက်၊ ရာဇာအောင်နှင့် သီဟမျိုးဆက် တို့ သည် စင်္ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်သော 72nd Singapore Open Amateur Championship ဂေါက်သီးရိုက်ပြိုင်ပွဲ သို့လည်းဆက်လက်၍ယှဉ်ပြိုင်ကစား သွားမည် ဖြစ်ကာ ဂေါက်သီး အားကစားသမားများအား မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟ နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်အောင်တို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြကြောင်းသတင်းရရှိသည်။