2019News

၂၀၁၉ ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ပြင်ဦးလွင်မြို့တွင်ဖွင့်လှစ်
============================
မြန်မာနိုင်ငံဂေါက်သီးအားကစားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နှင့် R&A တို့ပူးပေါင်း ဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019)ကို၂၀၁၉ခုနှစ် ဇွန်လ (၂၉)ရက်နေ့နံနက်ပိုင်းတွင်ပြင်ဦးလွင်မြို့၊ ပြင်ဦးလွင် ဂေါက်ကွင်းတွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ သင်တန်းပို့ချမည့်နည်းပြများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြ သည်။
ထို့နောက်မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ
ဦးအောင်ကြည်နှင့် ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ
ဦးစိန်ဝင်းတို့မှအမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံဂေါက်သီး
အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်မှပြင်ဦးလွင်ဂေါက်ကွင်းသို့
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာပြင်ဦးလွင်ဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းမှလက်ခံ ရယူသည်။သင်တန်းသို့ ဂေါက်သီးအားကစား စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။