
မြန်မာနိုင်ငံဂေါက်သီးအားကစား
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှ Junior အဆင့်နှင့် ဝါသနာရှင်အဆင့် (အမျိုးသမီး)ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၅ရက်နေ့မှ ၇ရက်နေ့အထိ ဥက္ကလာဂေါက်ကွင်း၌လည်းကောင်း၊ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၇ရက်နေ့မှ ၂၀ရက်နေ့အထိ ငွေသော်တာဂေါက်ကွင်း၌လည်းကောင်း၊ ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲများက ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ရက်နေ့အထိ ရန်ကုန်ဂေါက်ကလပ် (တညင်းကုန်း)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ Junior အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား ၁၂နှစ်အောက်သက်တမ်း၊ ၁၄နှစ်အောက်သက်တမ်း၊ ၁၈နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး (၁၈)နှစ်အောက်သက်တမ်း ဟူ၍ကျင်းပသွားမည်ဖြစ်ပြီး၊ ဝါသနာရှင်အဆင့်တွင် (အမျိုးသား)(H’cap 0-12) အဆင့်နှင့်(အမျိုးသမီး) (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲကို R&A Rule Limited/ နှင့် USGA တို့၏ Rule of Golf 2023 ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပ မည်ဖြစ်သည်။
ပြိုင်ပွဲစာရင်းပေးသွင်းမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံကြေငြာပေးသွားမည်ဖြစ်သည်။