
News and Activities
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ဆက်လက်ကျင်းပသည်။ တတိယနေ့ပွဲစဉ်များအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီး အားကစား အဖွဲ့ချုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက မြို့တော်ဂေါက်ကွင်း(ငွေသော်တာ) သို့ အမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟက အသင်းခေါင်းဆောင်များပြိုင်ပွဲတွင် ဆုရရှိသောသူများအား ဆုများကိုပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ထွန်းက အမျိုးသမီးတစ်ဦးချင်း(အကျောပေး)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် စုစုပေါင်း ၁၅၂ချက်ဖြင့် တတိယယဆုရရှိသော ရန်ကုန်အသင်းမှ စန်းစန်းဝင်း၊ အသားတင်ရိုက်ချက် ၁၄၆ချက်ဖြင့် ဒုတိယဆုရရှိသော မန္တလေးအသင်းမှ ဝါဝါသန့်၊ အသားတင်ရိုက်ချက် စုစုပေါင်း ၁၄၀ ချက်ဖြင့်…
Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရဲထက်အောင် ပူးတွဲတတိယဆုရရှိ
စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ Blue Canyon Country Club (Lakes Course) ၌ ကျင်းပသည့်Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပူးတွဲတတိယဆုရရှိခဲ့သည်။ ရဲထက်အောင်သည် ယင်းပြိုင်ပွဲ ပထမနေ့တွင် ၆၉ချက်၊ ဒုတိယနေ့တွင် ၆၆ ချက်ဖြင့် နှစ်ရက်ပေါင်းရိုက်ချက်၁၃၅ ချက်ရိုက်ကာ သတ်မှတ်ရိုက်ချက်ထက် ၇ ချက်လျော့ရိုက်ပြီး အခြားထိုင်းကစားသမားနှစ်ဦးနှင့်အတူ ပူးတွဲတတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ထိုင်းနိုင်ငံမှ ကစားသမားများနှင့် မြန်မာနိုင်ငံမှ ရဲထက်အောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် Pol KEMARAT (ထိုင်း) က…

