မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Junior အဆင့်နှင့် ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Junior အဆင့်နှင့် ဝါသနာရှင်အဆင့် အမျိုးသမီး(Amateur) ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဥက္ကလာဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ Junior Golf Myanmar (JGM)၊ ဥက္ကလာဂေါက်ကွင်းမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။   ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကိုကိုချစ်နှင့် ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် Junior Golf Myanmar…

Junior Development Program – 2 အားပန်းလှိုင်ဂေါက်ကွင်းတွင်ပြုလုပ်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ကစီစဉ်ပြုလုပ်သည့် Junior Development Program – 2 အား ၂၀၂၄ ခုနှစ် သြဂုတ်လ ၂ရက်နေ့မှ၄ရက်နေ့အထိ ၃ရက်တာ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ Program တွင် မြန်မာ့လက်ရွေးစင်ဂေါက်သီးရိုက်ကစားသမားများကို နည်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သည့် TANAPAT PICHAIKOOL အပါအဝင် ထိုင်းလက်ရွေးစင် ဂေါက်သီးရိုက်အသင်း လက်ထောက်နည်းပြ PHUWARIT RUNGPITTAYATHON၊ CHETNIPATH SUTABUTRA (Thailand Professional Trackman Representative)၊ STEPHEN CHICK (PGA Professional, Myanmar Junior National Coach နှင့် Yan Naing Phyo (Technical Consultant) တို့မှ ၃ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး (Refining your swing teachnique to…

Junior Golf Development Program 3 အား ပန်းလှိုင်ဂေါက်ကွင်းတွင်ပြုလုပ်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် Burmese Golf (BG) တို့မှ ပံ့ပိုးပြုလုပ်သည့် Junior Development Program 3 အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၉ရက်နေ့ အထိ ၃ရက်တာ ပြုလုပ်သွားမည်ဖြစ်သည်။   အဆိုပါ Program တွင် TANAPAT PICHAIKOOL (Myanmar National Team Head Coach)၊ STEPHEN CHICK (GM and PGA Professional – Pun Hlaing Golf Club) တို့မှ ၃ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး (Refining your swing teachnique to enhance consistency and accuracy, Player evaluation…

37th Junior Golf Myanmar Championship ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Junior Golf Myanmar (JGM) ၏ (၃၇) ကြိမ်မြောက် မျိုးဆက်သစ်လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့နှင့်ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်၌ ဒီဇင်ဘာ (၂၅)ရက်က ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဗဟိုအလုပ်အမှု ဆောင်များ၊ Junior Golf Myanmar (JGM) မှ အမှုဆောင်များ၊ အားကစားသမားများ၏မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှ နှုတ်ခွန်းဆက် အမှာ စကား ပြေားကြားသည်။ ဆက်လက်ပြီး Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်မှပြိုင်ပွဲအားလက်ခံကျင်းပပေးပါသော မြန်မာဂေါက်သီးရိုက်အသင်းအား အမှတ်တရဂုဏ်ပြု လက်ဆောင် ပေးအပ်ရာ မြန်မာဂေါက်သီးရိုက်အသင်းမှ အတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ လက်ခံရယူသည်။ ထို့နောက်…

စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်

စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင် ===================== မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမားများသည် စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Singapore Junior Golf Championship 2019 ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်ကစားသမား ၁၁ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ၏ Boy-B ပြိုင်ပွဲတွင် မင်းသံလွင်အောင်က အဆင့် (၅)၊ ထွန်းသူရိန်က အဆင့် (၁၂)၊ Boy-A ပြိုင်ပွဲတွင် ဇွဲထက်အောင်နှင့် မင်းထက်အောင်တို့က အဆင့် (၁၁)၊ ကောင်းမြတ်ကျော်က အဆင့် (၁၃)၊ Girl-A ပြိုင်ပွဲတွင် သံလွင်မိုးသက်က အဆင့် (၇)…

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ ================== ဧပြီ ၉ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသော 18th TrueVisions International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိခဲ့သည်။ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမားကိုးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Consolations Class B Boys တွင် ထွန်းသူရိန်က ပထမ၊ Consolations Class D Boys တွင် ကျော်လင်းထက်က တတိယဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှနိုင်ငံများမှ လူငယ်ဂေါက်သီးရိုက်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်ပွဲရ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့တွင် အုပ်ချုပ်သူအဖြစ်…

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ ———————– ဧပြီ ၁၂ ရက်မှ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် CAA Women’s Golf Championship USA 2019 ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမားမယ် ဖူးပွင့်ရတီခိုင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင် တက်ရောက်ပညာသင်ကြားနေရင်းမှ ကျောင်းကိုယ်စားပြုကာ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ အသင်းလိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင်နှင့် ကစားဖော်များပါဝင်သည့် UNCW အသင်းက ချန်ပီယံဆုရခဲ့ပြီး တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဖူးပွင့်ရတီခိုင်မှာ ချန်ပီယံဆုရရှိခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် ကျောင်းကိုယ်စားပြုယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံသူအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

The 2018 Hills Taiwan Junior Open

The 2018 Hills Taiwan Junior Open Date: Wednesday, 15 August 2018 to Friday, 17 August 2018 Venue: TongHwa Golf Club, Taipei The 2018 Hills Taiwan Junior Open ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော YAR ZAR AUNG ၏ Day One Score ဖြစ်ပါသည်။

The Junior Open Championships 2018

  The Junior Open Championships 2018 တွင်မြန်မာလူငယ်ကစားသမားများဖြစ်သော ဖြိုးဇံ နှင့် သင်းဝေခိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖြိုးဇံ သည် Asia -Pacific ဇုန်တွင် တတိယရရှိခဲ့သည်။