Myanmar Golf Courses Directory 2019 Part – 1
Download Myanmar Golf Courses Directory 2019 Part 1 PDF
Download Myanmar Golf Courses Directory 2019 Part 1 PDF
၂၀၂၀ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ =========================================== ၂၀၂၀ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများ ကျင်းပနိုင်ရေး အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ခုနှစ် မတ်လ ၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ရုံး (အစည်းဝေးခန်းမ) တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး များဖြစ်ကြသော ဒေါက်တာမြင့်ဦး၊ ဦးအောင်မြင့်ဦးနှင့် ဦးမျိုးသီဟ၊ ဗဟိုအလုပ်အမှုဆောင်နှင့် စည်းကမ်း ထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်အောင်နှင့် ပြိုင်ပွဲကျင်းပရေးအတွက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယခုအခါတွင်နိုင်ငံအချို့တွင် COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကူးစက် ပြန့်ပွား မှုများရှိနေကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုမဖြစ်ပွားသေးသော်လည်း ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂၀၂၀ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲများကျင်းပမည့် ရက်များအား ပြန်လည် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းဝေးတွင်…
Detailsအမေရိကန်နိုင်ငံ၌ကျင်းပသည့် ဂေါက်သီးပြိုင်ပွဲတွင် မ၀င့်ဖူးနဒီအောင် @ Angela Aung အောင်မြင်မှုရရှိ ========================================= အမေရိကန်၌ သြဂုတ် (၉)ရက်မှ (၁၁)ထိ Seabrook Island Club, Oceanwinds Course တွင်ကျင်းပသည့် South Carolina Women’s Open မ၀င့်ဖူးနဒီအောင်သည် အမေရိကန် နိုင်ငံရှိ Indiana University တွင်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးဖြစ်ပြီး၊ ယင်းပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၀င့်ဖူးနဒီအောင်သည် သုံးရက်ပေါင်းရိုက်ချက် (၂၁၈) ချက်ဖြင့် သတ်မှတ် ရိုက်ချက် ထက် (၂)ချက်ပိုရိုက်ကာ ပထမနေရာတွင် ရိုက်ချက်တူနေသော ကြောင့် ကျင်းပို (၄)ကျင်းကစားကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမား (၂၁)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
DetailsVIETNAM AMATEUR OPEN 2019 ပြိုင်ပွဲ အောင်ပွဲရ အားကစားသမားများအား ကြိုဆိုနှုတ်ဆက် =========================== 15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲတွင် ပထမရရှိသော ပြည့်ဖြိုးသူ၊ ဒုတိယရရှိသော လှိုင်မင်းထက်၊ တတိယရရှိသော သီဟမျိုးဆက် နှင့် 8th VIETNAM LADIES AMATEUR OPEN 2019 ပြိုင်ပွဲတွင် ဒုတိယရရှိသော ဖူးပွင့်ရတီခိုင်တို့အား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် တာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်စဉ်။
Detailsအမေရိကန်နိုင်ငံ Carolina ပြည်နယ် Hilton Head Island, SC Palmetto Dunes Golf Club တွင် ဇူလှိုင် (၆)ရက်မှ (၇)ရက်နေ့ထိ Hurricane Junior Golf Tour မှ ကျင်းပပြုလုပ်သော Coastal Carolina Summer Junior Open ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အသက် ၁၆ နှစ်မှ ၁၈နှစ် သက်တန်းတွင် Junior Golf Myanmar မှဂေါက်သီးအားကစားသမားတစ်ဦးဖြစ်သော Sai Aung Hseng Pha @ Aron Pha ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ရက်ပေါင်းရိုက်ချက် ၁၄၀ ဖြင့်သတ်မှတ် ရိုက်ချက်ထက် (၄)ချက်လျော့ရိုက်ကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ကစားသမား စုစုပေါင်း (၃၇)…
Detailsဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် VIETNAM AMATEUR OPEN 2019 ဂေါက်သီး ရိုက်ပြိုင်ပွဲ တွင် မြန်မာဂေါက်သီးရိုက်အားကစားသမားများ ပထမ၊ ဒုတိယနှင့် တတိယဆုများ အသီးသီးဆွတ်ခူး =================================================== ၂၀၁၉ ခုနှစ် ဇူလိုင် ၄ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပသည့် 15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသားဂေါက်သီးအားကစားသမားများသည် ပထမ၊ ဒုတိယနှင့် တတိယဆုများ ရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာ အမျိုးသားဂေါက်သီးအားကစားသမား (၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည့်ဖြိုးသူက ပထမ၊ လှိုင်မင်းထက်က ဒုတိယ၊ သီဟမျိုးဆက်က တတိယ နှင့် ရာဇာအောင်ကအဆင့်…
DetailsHein Sithu -4 ( 67) Kyaw Thet Oo +3 (74)
Detailsဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့၌ ကျင်းပမည့်ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ သွားရောက်ယှဉ်ပြိုင်မည် ================================================== ၂၀၁၉ ခုနှစ် ဇူလိုင် ၄ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပမည့် 15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲနှင့် 8th VIETNAM LADIES AMATEUR OPEN 2019 (VLAO) ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမား များ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှနိုင်ငံ့ လက်ရွေးစင်ကစားသမား ခြောက်ဦးသည် ပြိုင်ပွဲနှစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး 15th VIETNAM AMATEUR OPEN 2019 ပြိုင်ပွဲတွင် မြန်မာအမျိုးသားဂေါက်သီးအားကစား သမားများဖြစ်သော လှိုင်မင်းထက်၊…
Details