News

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှ Junior ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိလည်းကောင်း၊ Tour Pro၊ Senior Proနှင့် ဝါသနာရှင်အဆင့် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၇ရက်နေ့အထိရေတံခွန်တောင်ဂေါက်ကွင်း(မန္တလေး)တွင်လည်းကောင်း၊ ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့်နှင့် (Junior 15-18) ပြိုင်ပွဲများကို မတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိလည်းကောင်း၊ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ Tour Pro၊ Senior Pro၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲများကို မတ်လ ၁၆ ရက်နေ့မှ ၁၉ရက်နေ့အထိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Junior အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား ၁၂နှစ်အောက်သက်တမ်း၊ ၁၄နှစ်အောက်သက်တမ်း၊ ၁၈နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး (၁၈)နှစ်အောက်သက်တမ်း ဟူ၍ကျင်းပသွားမည်ဖြစ်ပြီး၊ ဝါသနာရှင်အဆင့်တွင် (အမျိုးသား)(H’cap 0-12) အဆင့်နှင့်(အမျိုးသမီး) (H’cap 0-16)အဆင့်ရှိသူကစားသမားများယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲကို R&A Rule Limited/ နှင့် USGA တို့၏ Rule of Golf 2023 ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပ မည်ဖြစ်သည်။