မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၆ ဂေါက်သီးရိုက်ပြိုင်ပွဲ ရန်ကုန်မြို့နှင့်မန္တလေးမြို့များ၌ ကျင်းပမည်
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှ Junior ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိလည်းကောင်း၊ Tour Pro၊ Senior Proနှင့် ဝါသနာရှင်အဆင့် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၇ရက်နေ့အထိရေတံခွန်တောင်ဂေါက်ကွင်း(မန္တလေး)တွင်လည်းကောင်း၊ ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့်နှင့် (Junior 15-18) ပြိုင်ပွဲများကို မတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိလည်းကောင်း၊ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ Tour Pro၊ Senior Pro၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲများကို မတ်လ ၁၆ ရက်နေ့မှ ၁၉ရက်နေ့အထိ မြို့တော်ဂေါက်ကွင်း…










