2019Junior NewsNews

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ
==================
ဧပြီ ၉ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသော 18th TrueVisions International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိခဲ့သည်။
မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမားကိုးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Consolations Class B Boys တွင် ထွန်းသူရိန်က ပထမ၊ Consolations Class D Boys တွင် ကျော်လင်းထက်က တတိယဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှနိုင်ငံများမှ လူငယ်ဂေါက်သီးရိုက်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်ပွဲရ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့တွင် အုပ်ချုပ်သူအဖြစ် ဦးမျိုးသီဟ (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်) ကစားသမားများအဖြစ် ဖြိုးဇံ၊ ကောင်းမြတ်ကျော်၊ မင်းစစ်သွေး၊ မင်းသံလွင်အောင်၊ ထွန်းသူရိန်၊ အောင်မျိုးသူ၊ လင်းဖြိုးသူ၊ ဝေယံလင်း၊ကျော်လင်းထက်တို့ပါဝင်ကြသည်။