၂၀၂၀ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ =========================================== ၂၀၂၀ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများ ကျင်းပနိုင်ရေး အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ခုနှစ် မတ်လ ၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ရုံး (အစည်းဝေးခန်းမ) တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး များဖြစ်ကြသော ဒေါက်တာမြင့်ဦး၊ ဦးအောင်မြင့်ဦးနှင့် ဦးမျိုးသီဟ၊ ဗဟိုအလုပ်အမှုဆောင်နှင့် စည်းကမ်း ထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်အောင်နှင့် ပြိုင်ပွဲကျင်းပရေးအတွက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယခုအခါတွင်နိုင်ငံအချို့တွင် COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကူးစက် ပြန့်ပွား မှုများရှိနေကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုမဖြစ်ပွားသေးသော်လည်း ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂၀၂၀ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲများကျင်းပမည့် ရက်များအား ပြန်လည် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းဝေးတွင်…