Junior NewsNews

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Junior Golf Myanmar (JGM) ၏ (၃၇) ကြိမ်မြောက် မျိုးဆက်သစ်လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့နှင့်ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်၌ ဒီဇင်ဘာ (၂၅)ရက်က ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဗဟိုအလုပ်အမှု ဆောင်များ၊ Junior Golf Myanmar (JGM) မှ အမှုဆောင်များ၊ အားကစားသမားများ၏မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှ နှုတ်ခွန်းဆက် အမှာ စကား ပြေားကြားသည်။ ဆက်လက်ပြီး Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်မှပြိုင်ပွဲအားလက်ခံကျင်းပပေးပါသော မြန်မာဂေါက်သီးရိုက်အသင်းအား အမှတ်တရဂုဏ်ပြု လက်ဆောင် ပေးအပ်ရာ မြန်မာဂေါက်သီးရိုက်အသင်းမှ အတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်း မှ အသက် ၁၂နှစ်အောက်(အမျိုးသား)သက်တမ်းတွင်စုစုပေါင်းရိုက်ချက် (၁၈၀) ချက်ဖြင့် တတိယဆုရရှိသော ရဲမင်းသန့်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် (၁၇၇) ချက်ဖြင့် ဒုတိယဆုရရှိသော ဇာနည်ထွန်းဝင်း၊ စုစုပေါင်းရိုက်ချက် (၁၆၃)ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင်အားလည်းကောင်း ဆုများကိုပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းမှ အမျိုးသမီး ၁၈နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၂၀၆ ချက်ဖြင့် တတိယဆုရရှိသော ဆုလဲ့အောင် အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၁ချက်ဖြင့် ဒုတိယဆုရရှိသော ဆုနှင်းဖြူအားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၈ချက်ဖြင့် ပထမဆုရရှိသော လကျ်ာလေးဖြူအားလည်းကောင်း၊ မြန်မာဂေါက်သီးရိုက်အသင်းမှ အတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ အသက်၁၄နှစ်အောက် (အမျိုးသား)သက်တမ်း တွင် စုစုပေါင်းရိုက်ချက်၁၇၁ချက်ဖြင့် တတိယဆုရရှိသော ထွန်းထွန်းဦး အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၀ ချက်ဖြင့် ဒုတိယဆုရရှိသော Choi Hwan အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၈ချက်ဖြင့် ပထမဆုရရှိသော ကျော်သံလွင်ဟိန်းတို့ လည်းကောင်း ဆုများကိုပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှ ၁၈နှစ်အောက်(အမျိုးသား) သက်တမ်းနှင့် ၂၀၂၄ခုနှစ်အတွက် သက်တမ်းအလိုက် အကောင်းဆုံးဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ရာ (၁၈နှစ်အောက်အမျိုးသား)သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၅ ချက်ဖြင့် တတိယဆုရရှိသော ခန့်ဘုန်းလျန်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၂ ချက်ဖြင့် ဒုတိယဆုရရှိသော မင်းခန့်သော် အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၀ချက်ဖြင့် ပထမဆုရရှိသော ကောင်းထက်အား လည်းကောင်း၊ ဆက်လက်ပြီး ၂၀၂၄ခုနှစ်အတွက် အသက် ၁၂နှစ်အောက် အမျိုးသား သက်တမ်းတွင် အကောင်းဆုံး ဆုရရှိသော ဇာနည်ထွန်းဝင်း၊ အသက် ၁၄နှစ်အောက်သက်တမ်းတွင် အကောင်းဆုံးဆုရှိသော အောင်သန်းထွဋ်၊ အသက် ၁၈နှစ်အောက် အမျိုးသမီးသက်တမ်းတွင် ဆုရရှိသော ချိုသာအောင်နှင့် ၁၈နှစ်အောက်အမျိုးသားသက်တမ်းတွင် အကောင်းဆုံး ဆုရှိသော မင်းခန့်သော်တို့အား အသီးသီးဆုများကိုပေးအပ်ချီးမြှင့်သည်။
37th Junior Golf Myanmar Championship ဂေါက်သီးရိုက်ပြိုင်ပွဲအား မြန်မာဂေါက်သီးရိုက်အသင်း တွင် ၂၀၂၄ခုနှစ် ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၄ရက်နေ့မှ ၂၅ရက်နေ့အထိ ၂ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။