မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ကစီစဉ်ပြုလုပ်သည့် Junior Development Program – 2 အား ၂၀၂၄ ခုနှစ် သြဂုတ်လ ၂ရက်နေ့မှ၄ရက်နေ့အထိ ၃ရက်တာ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ Program တွင် မြန်မာ့လက်ရွေးစင်ဂေါက်သီးရိုက်ကစားသမားများကို နည်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သည့် TANAPAT PICHAIKOOL အပါအဝင် ထိုင်းလက်ရွေးစင် ဂေါက်သီးရိုက်အသင်း လက်ထောက်နည်းပြ PHUWARIT RUNGPITTAYATHON၊ CHETNIPATH SUTABUTRA (Thailand Professional Trackman Representative)၊ STEPHEN CHICK (PGA Professional, Myanmar Junior National Coach နှင့် Yan Naing Phyo (Technical Consultant) တို့မှ ၃ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး (Refining your swing teachnique to enhance consistency and accuracy, Player evaluation & Swing Analysis by utilizing Trackman Technology, Putting, Chipping, Driving Range Drills will provide to each player, By Analyzing, addressing areas of improvement, Simple Course Management, To Optimize performance and achieve scoring targets) တို့ကိုသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ယခုကဲ့သို့ Junior Development Program အားပြုလုပ်ပေးခြင်းဖြင့် Junior ကစားသမားများ ၏ဂေါက်သီးအားကစားအဆင့်အတန်းတိုးတတ်မြင့်မာလာစေရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ပြီး၊ Junior Development Program အစီအစဉ်များကိုလည်း ထပ်မံပြုလုပ်ပေးသွားမည်ဖြစ်သည်။