စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်

စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင် ===================== မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမားများသည် စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Singapore Junior Golf Championship 2019 ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်ကစားသမား ၁၁ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ၏ Boy-B ပြိုင်ပွဲတွင် မင်းသံလွင်အောင်က အဆင့် (၅)၊ ထွန်းသူရိန်က အဆင့် (၁၂)၊ Boy-A ပြိုင်ပွဲတွင် ဇွဲထက်အောင်နှင့် မင်းထက်အောင်တို့က အဆင့် (၁၁)၊ ကောင်းမြတ်ကျော်က အဆင့် (၁၃)၊ Girl-A ပြိုင်ပွဲတွင် သံလွင်မိုးသက်က အဆင့် (၇)…

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ

18th TrueVisions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိ ================== ဧပြီ ၉ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသော 18th TrueVisions International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိခဲ့သည်။ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမားကိုးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Consolations Class B Boys တွင် ထွန်းသူရိန်က ပထမ၊ Consolations Class D Boys တွင် ကျော်လင်းထက်က တတိယဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှနိုင်ငံများမှ လူငယ်ဂေါက်သီးရိုက်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်ပွဲရ မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့တွင် အုပ်ချုပ်သူအဖြစ်…

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ ———————– ဧပြီ ၁၂ ရက်မှ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် CAA Women’s Golf Championship USA 2019 ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမားမယ် ဖူးပွင့်ရတီခိုင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင် တက်ရောက်ပညာသင်ကြားနေရင်းမှ ကျောင်းကိုယ်စားပြုကာ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ အသင်းလိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင်နှင့် ကစားဖော်များပါဝင်သည့် UNCW အသင်းက ချန်ပီယံဆုရခဲ့ပြီး တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဖူးပွင့်ရတီခိုင်မှာ ချန်ပီယံဆုရရှိခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် ကျောင်းကိုယ်စားပြုယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံသူအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

The 2018 Hills Taiwan Junior Open

The 2018 Hills Taiwan Junior Open Date: Wednesday, 15 August 2018 to Friday, 17 August 2018 Venue: TongHwa Golf Club, Taipei The 2018 Hills Taiwan Junior Open ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော YAR ZAR AUNG ၏ Day One Score ဖြစ်ပါသည်။

The Junior Open Championships 2018

  The Junior Open Championships 2018 တွင်မြန်မာလူငယ်ကစားသမားများဖြစ်သော ဖြိုးဇံ နှင့် သင်းဝေခိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖြိုးဇံ သည် Asia -Pacific ဇုန်တွင် တတိယရရှိခဲ့သည်။  

THE JUNIOR OPEN CHAMPIONSHIP The Eden Course, St. Andrews, Scotland, UK from July 16th to 18th, 2018.

မြန်မာလူငယ်(၂)ဦးလုံး ပြိုင်ပွဲ တတိယနေ့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိ စကော့တလန်တွင် မြန်မာလူငယ်များဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် THE JUNIOR OPEN CHAMPIONSHIP The Eden Course, St. Andrews, Scotland, UK from July 16th to 18th, 2018. ပြိုင်ပွဲမှ Phyo Zan နဲ့ Thin Wai Khaing တို့၏ 2nd Day Result Thin Wai Khaing 76 + 70 = 146 ( Pos. T 24 ) Phyo Zan 75 + 80 =…

THE JUNIOR OPEN CHAMPIONSHIP The Eden Course, St. Andrews, Scotland, UK from July 16th to 18th, 2018.

Thin Wai Khaing & Phyo Zan တို့ ဝင်ရောက်ယှဉ်ပြိုင်သည့်THE JUNIOR OPEN CHAMPIONSHIP The Eden Course, St. Andrews, Scotland, UK from July 16th to 18th, 2018. ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ အဖွဲ့ချုပ်၏ အမှတ်တရ လက်ဆောင် ပေးအပ်  

Indonesia Junior Amateur Open Golf Championship 2018

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော Junior Golf Myanmar (JGM)မှ အင်ဒိုနီးရှာနိုင်ငံ Ciputra Golf Club & Hotel တွင် ၃-၇-၂၀၁၈ ရက်နေ့မှ ၆-၇-၂၀၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်သော Indonesia Junior Amateur Open Golf Championship 2018 ပြိုင်ပွဲသို့ အသင်းခေါင်းဆောင်အဖြစ် အတွင်းရေးမှူး ဦးမျိုးသီဟ ဦးဆောင်ပြီး လူငယ်ကစားသမား ကျား ၈ ဦးနှင့် မ ၁ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုများအသီးသီးရရှိခဲ့