News

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ (၉)မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ဖေဖော်ဝါရီ (၁၆)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။

ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးတင်မောင်မောင်ဝင်းမှ မြန်မာဂေါက်သီးရိုက်အသင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အားပေးအပ်ရာ မြန်မာဂေါက်သီးရိုက်အသင်း အတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ လက်ခံရယူသည်။
ထို့နောက် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးမှ အသက်အငယ်ဆုံးနှင့် ကြိုးစားယှဉ်ပြိုင်သော လင်းမြတ်မွန်အား လည်းကောင်း၊ မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဒေါက်တာချိုထွန်းမှ အသက် ၁၂နှစ်အောက်သက်တမ်း တွင်စုစုပေါင်းရိုက်ချက် ၁၈၁ ချက်ဖြင့် ဒုတိယဆုရရှိသော ရဲမင်းသန့် အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁ ချက်ဖြင့် ထမဆုရရှိသော Choi Hwan လည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဒေါ်မြင့်မြင့်သန်းမှ အမျိုးသမီးသက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၂၃၂ချက်ဖြင့် တတိယဆုရရှိသော ယုယုအားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၂၃၂ချက်ဖြင့် ဒုတိယဆုရရှိသော နှင်းထက်သံလွင်အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၈၈ချက်ဖြင့် ပထမဆုရရှိသော မိုးမခကျော်သူ အားလည်းကောင်း ဆုများကိုပေးအပ်ချီးမြှင့်သည်။

အစီအစဉ်အရ Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်မှအသက်၁၄နှစ် အောက်သက်တမ်း တွင် စုစုပေါင်းရိုက်ချက် ၁၇၀ချက်ဖြင့် တတိယဆုရရှိသော ခန့်ဘုန်းလျှံ အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၀ချက်ဖြင့် ဒုတိယဆုရရှိသော လုံမျိုးစံလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၈ချက်ဖြင့် ပထမဆုရရှိသော ထွန်းထွန်းဦးတို့ လည်းကောင်း ဆုများကိုပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှအသက် ၁၈အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၃ ချက်ဖြင့် တတိယဆုရရှိသော ကောင်းထက်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၀ ချက်ဖြင့် ဒုတိယဆုရရှိသော အောင်မင်းခန့်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၉ချက်ဖြင့် ပထမဆုရရှိသော Locadio K တို့အားလည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။