2022၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)News

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေတို့မှစီစဉ်၍ မြဝတီဘဏ်လီမိတက်နှင့်အင်းဝဘဏ်လီမိတက်တို့မှ အဓိက ကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်)ပွဲစဉ်ကို နိုဝင်ဘာ ဒုတိယ အပတ်တွင် ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင်ဂေါက်ကွင်း၌ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင်ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်(အမျိုးသား)(H’cap 0-12) ဝါသနာရှင်အဆင့်(အမျိုးသမီး) (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်း များအတိုင်း ကျင်းပ မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် လူဦးရေ ကန့်သတ်ထားသောကြောင့် ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲ အတွက် လက်ရည်စစ်ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်အား စီစစ်ရွေးချယ်မည်ဖြစ်သည်။ လက်ရည်စစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)နှင့် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဂေါက်ကလပ်တို့တွင် အောက်တိုဘာ (၃၁)ရက်နေ့နှင့်နိုဝင်ဘာ (၁)ရက် တွင် ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင်လိုသူများအနေဖြင့် အောက်တိုဘာ (၃၀)ရက်နေ့ နေ့လယ် ( ၂)နာရီနောက်ဆုံးထားကာ ရန်ကုန်လက်ရည်စစ်ပွဲအတွက် ဖုန်း ၀၉-၄၂၁၀၀၂၂၅၉နှင့် ပြင်ဦးလွင်ပွဲစဉ်အတွက် ဖုန်း၀၉-၄၂၆၆၆၀၀၀၃ ထံ စာရင်းပေးသွင်းရမည်ဖြစ်သည်။ လက်ရည်စစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများသည် ဝင်ကြေးပေးသွင်းရန်မလိုသော်လည်း ဂေါက်ကွင်းသို့ ပေးသွင်းရမည့် Green fees, Caddie တို့အား မိမိအစီအစဉ်ဖြင့်ပေးသွင်းရမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် ရန်ကုန်လက်ရည်စစ်ပွဲမှ (၄၀)ဦး၊ ပြင်ဦးလွင်လက်ရည်စစ်ပွဲမှ အားကစားသမား (၄၀)ဦးစီ ရွေးချယ်မည် ဖြစ်သည်။

ဝါသနာရှင်အဆင့်(အမျိုးသားများအတွက်) ၂၀၁၉ ခုနှစ်မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ကျင်းပပြီးစီးခဲ့သည် ပွဲစဉ် (၆)ပွဲတို့တွင် Order of Merit ဇယားများအရ အဆင့် (၁)မှ(၃၀)အတွင်း ရရှိသူများသည် ယခုလက်ရည်စစ် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်စရာ မလိုပဲ ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီး ရိုက် ပြိုင်ပွဲ (ပြင်ဦးလွင်)ပွဲစဉ် ချယ်ရီလွင်ဂေါက်ကွင်း၌ကျင်းပမည့်ပြိုင်ပွဲသို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ သူများ၏ စာရင်းအား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဖေ့ဘွတ်တွင် ကြေငြာပေး မည်ဖြစ်သည်။