Junior Development Program – 2 အားပန်းလှိုင်ဂေါက်ကွင်းတွင်ပြုလုပ်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ကစီစဉ်ပြုလုပ်သည့် Junior Development Program – 2 အား ၂၀၂၄ ခုနှစ် သြဂုတ်လ ၂ရက်နေ့မှ၄ရက်နေ့အထိ ၃ရက်တာ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ Program တွင် မြန်မာ့လက်ရွေးစင်ဂေါက်သီးရိုက်ကစားသမားများကို နည်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သည့် TANAPAT PICHAIKOOL အပါအဝင် ထိုင်းလက်ရွေးစင် ဂေါက်သီးရိုက်အသင်း လက်ထောက်နည်းပြ PHUWARIT RUNGPITTAYATHON၊ CHETNIPATH SUTABUTRA (Thailand Professional Trackman Representative)၊ STEPHEN CHICK (PGA Professional, Myanmar Junior National Coach နှင့် Yan Naing Phyo (Technical Consultant) တို့မှ ၃ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး (Refining your swing teachnique to…

Junior Golf Development Program 3 အား ပန်းလှိုင်ဂေါက်ကွင်းတွင်ပြုလုပ်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် Burmese Golf (BG) တို့မှ ပံ့ပိုးပြုလုပ်သည့် Junior Development Program 3 အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၉ရက်နေ့ အထိ ၃ရက်တာ ပြုလုပ်သွားမည်ဖြစ်သည်။   အဆိုပါ Program တွင် TANAPAT PICHAIKOOL (Myanmar National Team Head Coach)၊ STEPHEN CHICK (GM and PGA Professional – Pun Hlaing Golf Club) တို့မှ ၃ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး (Refining your swing teachnique to enhance consistency and accuracy, Player evaluation…

37th Junior Golf Myanmar Championship ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Junior Golf Myanmar (JGM) ၏ (၃၇) ကြိမ်မြောက် မျိုးဆက်သစ်လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့နှင့်ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်၌ ဒီဇင်ဘာ (၂၅)ရက်က ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဗဟိုအလုပ်အမှု ဆောင်များ၊ Junior Golf Myanmar (JGM) မှ အမှုဆောင်များ၊ အားကစားသမားများ၏မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှ နှုတ်ခွန်းဆက် အမှာ စကား ပြေားကြားသည်။ ဆက်လက်ပြီး Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်မှပြိုင်ပွဲအားလက်ခံကျင်းပပေးပါသော မြန်မာဂေါက်သီးရိုက်အသင်းအား အမှတ်တရဂုဏ်ပြု လက်ဆောင် ပေးအပ်ရာ မြန်မာဂေါက်သီးရိုက်အသင်းမှ အတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ လက်ခံရယူသည်။ ထို့နောက်…

Thailand Golf Tour ၏ အဆင့်မြင့် Tour တခုဖြစ်သော All Thailand Golf Tour ၏ Singha Classic 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကျော်သက်ဦး ဒုတိယဆုကို ဆွတ်ခူးရရှိ

၂၀၂၄ခုနှစ် နိုဝင်ဘာလ ၇ရက်မှ ၁၀ရက်နေ့အထိ ထိုင်းနိုင်ငံ Royal Hills Golf Resort ၌ ကျင်းပသည့် All Thailand Golf Tour ၏ပြိုင်ပွဲတစ်ခုဖြစ်သော Singha Classic 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ဖြစ်သော  ကျော်သက်ဦး ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ကျော်သက်ဦးက ၇၀+၆၈+၆၉+၆၇ ချက်ဖြင့်စုစုပေါင်း ၂၇၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၆ ချက်လျော့ရိုက်၍လည်းကောင်း၊ Newport LAPAROJKIT (ထိုင်း)ကလည်း ၆၄+၆၄+၇၃+၇၃ ချက်ဖြင့်စုစုပေါင်း ၂၇၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၆ ချက်လျော့ရိုက်ကာ ပထမနေရာတွင် ရိုက်ချက် တူညီနေသောကြောင့် ကျော်သက်ဦးနှင့် Newport LAPAROJKIT (ထိုင်း)တို့သည် ကျင်းပို (၁)ကျင်းထပ်မံယှဉ်ပြိုင်ပြီး ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရခြင်းဖြစ်သည်။…