(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ဆက်လက်ကျင်းပသည်။ တတိယနေ့ပွဲစဉ်များအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီး အားကစား အဖွဲ့ချုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက မြို့တော်ဂေါက်ကွင်း(ငွေသော်တာ) သို့ အမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟက အသင်းခေါင်းဆောင်များပြိုင်ပွဲတွင် ဆုရရှိသောသူများအား ဆုများကိုပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ထွန်းက အမျိုးသမီးတစ်ဦးချင်း(အကျောပေး)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် စုစုပေါင်း ၁၅၂ချက်ဖြင့် တတိယယဆုရရှိသော ရန်ကုန်အသင်းမှ စန်းစန်းဝင်း၊ အသားတင်ရိုက်ချက် ၁၄၆ချက်ဖြင့် ဒုတိယဆုရရှိသော မန္တလေးအသင်းမှ ဝါဝါသန့်၊ အသားတင်ရိုက်ချက် စုစုပေါင်း ၁၄၀ ချက်ဖြင့်…

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့မှကြီးမှူး၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးမှ ဝန်ကြီးများ၊ အရာရှိကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊  မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် အသင်းများမှအားကစားသမားများတက်ရောက် ကြသည်။ ပထမဦးစွာ အားကစားသမားများသည် သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အားကစားအဓိဌာန် ၄ချက်ကို ရွတ်ဆိုပြီး၊ တတ်ရောက်လာကြသော တာဝန်ရှိလူကြီးများမှ အားကစားသမားအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန…

Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဟိန်းစည်သူ Hole In One ဆု ရရှိ

Asian Tour မှကျင်းပသော Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲအား ထိုင်းနိုင်ငံ Laguna Golf Phuket ၌ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်နေ့ထိ ၄ ရက် တာကျင်းပလျက်ရှိရာ မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ဟိန်းစည်သူ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲ ပထမနေ့တွင် Hole In One ဆုရရှိခဲ့သည်။ ဟိန်းစည်သူသည် ယင်းပြိုင်ပွဲ၏ ပထမနေ့တွင် ရိုက်ချက် ၆၉ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက် လျော့ရိုက်ထားပြီး၊ ပြိုင်ပွဲဒုတိယနေ့ကို ဒီဇင်ဘာ ၃ရက်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲ ပထမနေ့တွင် ၂၀၅ကိုက်ရှိသော ကျင်းအမှတ် ၁၆တွင် Srixon သံတုတ် ၆ ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့်…

Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရဲထက်အောင် ပူးတွဲတတိယဆုရရှိ

စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ Blue Canyon Country Club (Lakes Course) ၌ ကျင်းပသည့်Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပူးတွဲတတိယဆုရရှိခဲ့သည်။ ရဲထက်အောင်သည် ယင်းပြိုင်ပွဲ ပထမနေ့တွင် ၆၉ချက်၊ ဒုတိယနေ့တွင် ၆၆ ချက်ဖြင့် နှစ်ရက်ပေါင်းရိုက်ချက်၁၃၅ ချက်ရိုက်ကာ သတ်မှတ်ရိုက်ချက်ထက် ၇ ချက်လျော့ရိုက်ပြီး အခြားထိုင်းကစားသမားနှစ်ဦးနှင့်အတူ  ပူးတွဲတတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ထိုင်းနိုင်ငံမှ ကစားသမားများနှင့် မြန်မာနိုင်ငံမှ ရဲထက်အောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် Pol KEMARAT (ထိုင်း) က…

အမေရိကန်နိုင်ငံ၌ ကျင်းပသည့် Symetra Tour ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာဂေါက်သီးရိုက်အားကစားမယ် ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ Capitol Hill Golf Club (Prattville, Alabama) ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ဖူးပွင့်ရတီခိုင်သည် ၂၀၂၁ခုနှစ် မေ ၃ ရက်မှ ၅ ရက်နေ့အထိကျင်းပသည့် PGA WORKS Collegiate Championship Women’s Individual ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သဖြင့် Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲကစားစရာမလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည် Symetra Tour မှာ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲဖြစ်သော…

ဂုဏ်ယူဝမ်းမြောက်ခြင်း

အမေရိကန်ပြည်ထောင်စု၊  ဖလော်ရီဒါပြည်နယ်တွင်  ကျင်းပပြုလုပ်ခဲ့သည့်  The Future Collegians World Tour ( FCWT ) Junior Golf Tournament ၌   မြန်မာဂျူနီယာ  အားကစားသမား  စည်သူရဲရင့်  ပထမဆုရရှိခဲ့သည့်အတွက်  ဂုဏ်ယူဝမ်းမြောက်ခြင်း အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် ( ၂၃.၂.၂၀၁၃ မှ ၂၄.၂.၂၀၁၃ ) ရက်ထိ ကျင်းပခဲ့သော The Future Collegians World Tour (FCWT) Junior Golf Tournament ၌  မြန်မာနိုင်ငံမှ ဂျူနီယာ  ဂေါက်သီးအားကစားသမား  စည်သူရဲရင့်သည် နောက်ဆုံးနေ့  ရိုက်ချက် (၆၇) ချက် ရိုက်ပြီး နှစ်ရက်ပေါင်း သတ်မှတ်ရိုက်ချက်ထက် (၆) ချက်လျော့ဖြင့် နှစ်ရက်ပေါင်း…

Myanmar Rules School

More than 40 golfing enthusiasts took part in Myanmar’s first ever R&A Level 1 Introductory Rules School early last month. The two-day event in Yangon at the Myanmar Golf Club saw the group take part in a series of classroom teaching and practical demonstrations of the game’s most significant Rules. Significantly, in a change from…