မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကို ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) ၌ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဝါသနာရှင်အဆင့်ပြိုင်ပွဲ၏ (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကိုကိုချစ်တို့မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်းမှရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)သို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အား ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း အထွေထွေမန်နေဂျာ ဦးသိန်းဇော်ဝေမှ အသီးသီးလက်ခံရယူသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ချင်းမှ သက်ကြီးတန်း ဝါသနာရှင်အဆင့် (အသက် ၅၅နှစ်နှင့်အထက်) ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၃၀ချက်ဖြင့် တတိယရှိသော ဦးဝင်းစိန်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းမှ စုစုပေါင်းရိုက်ချက် ၂၂၉ချက်ဖြင့်…

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။   ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဗဟိုအလုပ်အမှုဆောင်နှင့် အထက်မြန်မာပြည်ဂေါက်သီးအားကစား ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကိုဇော်၊ ရန်ကုန်ဂေါက်ကွင်း အတွင်းရေးမှူး ဦးခင်မောင်တင့်နှင့် အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။…