မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၆ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ SAE PAING Development Ltd နှင့် Phyo Si Thu Teak Plantation (Myanmar) တို့မှ အဓိကကူညီပံ့ပိုးသော မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၆ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်(Amateur)၊ ဝါသနာရှင်အဆင့် သက်ကြီးတန်း (Senior Amateur) အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ SAE PAING Development Ltd နှင့် Phyo Si Thu Teak Plantation (Myanmar) တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ…

