2022၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)News

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) တတိယနေ့ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲ၏ တတိယနေ့အပြီး ပညာရှင်အဆင့်ပြိုင်ပွဲတွင် သိန်းနိုင်စိုး (HAN Golf Academy) က စုစုပေါင်းရိုက်ချက် ၂၀၉ ချက်ဖြင့်သတ်မှတ်ရိုက်ချက်ထက် (၇)ချက်လျော့ရိုက်ကာ ပထမ၊ မျိုးဝင်းအောင် (PRGR) နှင့် သိန်းဇော်မြင့် (Taylormade)တို့ကစုစုပေါင်းရိုက်ချက် ၂၁၆ချက်ဖြင့်ဒုတိယ အဆင့်တို့တွင် လည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လွင်မိုးကစုစုပေါင်းရိုက်ချက် ၂၁၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၂)ချက်လျော့ရိုက်ကာပထမ၊ ဇော်ဇော်ထွန်းက စုစုပေါင်းရိုက်ချက် ၂၁၆ချက်ဖြင့် ဒုတိယ၊ လှိုင်မင်းထက်က စုစုပေါင်းရိုက်ချက် ၂၂၁ချက်ဖြင့်သတ်မှတ် ရိုက်ချက်ထက် (၅)ချက် ပိုရိုက်ကာ တတိယ၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲတွင် မိုးပြည့်စုံခင်က စုစုပေါင်းရိုက်ချက် ၁၅၁ချက်ဖြင့်သတ်မှတ်ရိုက်ချက်ထက် (၇)ချက်ပိုရိုက်ကာ ပထမ၊ တုန်ရန်ကြီးက စုစုပေါင်းရိုက်ချက် ၁၆၁ချက်ဖြင့် ဒုတိယ၊ ဂျာလေးက စုစုပေါင်းရိုက်ချက် ၁၆၇ ချက်ဖြင့်တတိယတို့ တွင်လည်းကောင်း အသီးသီးဦးဆောင် ကစားလျက်ရှိသည်။

ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။