2022၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)NewsTournament

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲ ပထမနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ သိန်းနိုင်စိုး (HAN Golf Academy)က သတ်မှတ်ရိုက် ချက်ထက် (၄)ချက်လျော့ရိုက်ကာ ပထမ၊ ရာဇာ (NPTDC) ကသတ်မှတ် ရိုက်ချက် ထက် (၁)ချက် လျော့ရိုက်၍ ဒုတိယ၊ မျိုးဝင်းအောင် (PRGR)နှင့် ရန်မျိုးအေး(Yangon Golf Store)တို့ကသတ်မှတ် ရိုက်ချက် (၇၂)ချက်စီဖြင့် တတိယအဆင့်တို့တွင် လည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လှိုင်မြင့်ဇော်ကသတ်မှတ် ရိုက်ချက်ထက် (၁)ချက်ပိုရိုက်ကာပထမ၊ လှိုင်မင်းထက်က သတ်မှတ် ရိုက်ချက်ထက် (၂)ချက်ပိုရိုက်ကာ ဒုတိယ၊ ချစ်ရင်ထူးက သတ်မှတ် ရိုက်ချက်ထက် (၂)ချက်ပိုရိုက်ကာ တတိယတို့တွင်လည်းကောင်း အသီးသီးဦးဆောင် ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ပြိုင်ပွဲ၏ ဒုတိယနေ့အပြီး ပညာရှင်အဆင့်ပြိုင်ပွဲတွင် သိန်းနိုင်စိုး (HAN Golf Academy) က နှစ်ရက်ပေါင်း ရိုက်ချက် ၁၄၁ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက်(၃)ချက်လျော့ရိုက်ကာ ပထမ၊ သိန်းဇော်မြင့် (Taylormade)က နှစ်ရက်ပေါင်းရိုက်ချက် ၁၄၂ချက်ဖြင့်သတ်မှတ် ရိုက်ချက်ထက် (၂)ချက် လျော့ရိုက်၍ ဒုတိယ၊ မျိုးဝင်းအောင် (PRGR)ကနှစ်ရက်ပေါင်းရိုက်ချက် ၁၄၃ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၁) ချက်လျော့ရိုက်ကာ တတိယအဆင့် တို့တွင်လည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လွင်မိုးကနှစ်ရက်ပေါင်းရိုက်ချက် ၁၄၄ သတ်မှတ် ရိုက်ချက်ဖြင့်ပထမ၊ ဇော်ဇော်ထွန်းကနှစ်ရက်ပေါင်းရိုက်ချက် ၁၄၅ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၁)ချက်ပို ရိုက်ကာ ဒုတိယ၊ လှိုင်မြင့်ဇော်ကနှစ်ရက်ပေါင်းရိုက်ချက် ၁၄၈ချက်ဖြင့် သတ်မှတ် ရိုက်ချက်ထက် (၄)ချက် ပိုရိုက်ကာ တတိယ၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲတွင် မိုးပြည့်စုံခင်က သတ်မှတ်ရိုက်ချက်၇၂ချက်ဖြင့် ပထမ၊ တုန်ရန်ကြီးက ၇၉ချက်ဖြင့်ဒုတိယ၊ ကျန်ယုံလင့်က ၈၁ ချက်ဖြင့်တတိယတို့ တွင်လည်းကောင်း အသီးသီးဦးဆောင် ကစားလျက်ရှိသည်။

ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။