2019Amature NewsNews

အမေရိကန်နိုင်ငံ Carolina ပြည်နယ် Hilton Head Island, SC Palmetto Dunes Golf Club တွင် ဇူလှိုင် (၆)ရက်မှ (၇)ရက်နေ့ထိ Hurricane Junior Golf Tour မှ ကျင်းပပြုလုပ်သော Coastal Carolina Summer Junior Open ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အသက် ၁၆ နှစ်မှ ၁၈နှစ် သက်တန်းတွင် Junior Golf Myanmar မှဂေါက်သီးအားကစားသမားတစ်ဦးဖြစ်သော Sai Aung Hseng Pha @ Aron Pha ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ရက်ပေါင်းရိုက်ချက် ၁၄၀ ဖြင့်သတ်မှတ် ရိုက်ချက်ထက် (၄)ချက်လျော့ရိုက်ကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ကစားသမား စုစုပေါင်း (၃၇) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။