News

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ MTH Construction Group မှအဓိကကူညီ ပံ့ပိုးသော Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် စက်တင်ဘာ (၂၁)ရက်မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် Professional အဆင့်နှင့် Junior အဆင့်ပြိုင်ပွဲဟူ၍ ကျင်းပမည်ဖြစ်ပြီး Junior အဆင့်တွင်အသက် ၁၂နှစ်အောက်သက်တမ်း၊ ၁၄နှစ်အောက်သက်တမ်း၊ ၁၈နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး (၁၈)နှစ်အောက်သက်တမ်း ဟူ၍ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံတစ်ဝှမ်းမှ Professional အဆင့်နှင့် Junior ဂေါက်သီးရိုက် အားကစား သမားများသည် ၂၀၂၂ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ မွန်းလွဲ ၂နာရီနောက်ဆုံးထား၍ ဦးထွန်းကျော် ဖုန်းအမှတ် ၀၉-၅၁၉၃၄၂၃ သို့အမည်စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲဝင်ကြေးအား ပေးသွင်းရန်မလိုပါ။

Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲအား Co-Sponsors အဖြစ် THAIK Diamond Shop တို့မှ ထပ်မံပံ့ပိုးကူညီပေးကြသည်။
Professional ကစားသမားများ၏ ဆုကြေးငွေများအား အောက်တွင်ဖော်ပြထားရှိပါသည်။