Amature NewsNewsTournament

 

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီ ပံ့ပိုးသော Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကိုရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။

 

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးမှ နုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

 

ထို့နောက် Burmese Golf Myanmar မှ ဒါရိုက်တာ ဦးရဲလွင်ဦးမှ အသက် ၁၂နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၃ချက်ဖြင့် တတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း(တောင်ငူ)အားလည်းကောင်း၊စုစုပေါင်းရိုက်ချက် ၁၇၂ချက်ဖြင့် ဒုတိယဆုရရှိသော ချွယ်ဝမ် (ရန်ကုန်)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၁ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင် (မြိတ်)တို့အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်ပြီး Junior Golf Myanmar မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုဇော်မှ အသက် ၁၄အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၀ချက်ဖြင့် တတိယဆုရရှိသော ကောင်းထက်(ရန်ကုန်)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၀ချက်ဖြင့် ဒုတိယဆုရရှိသော အောင်ဟိန်းဇော်(စစ်တွေ) အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၉ချက်ဖြင့် ပထမဆုရရှိသော ပြည့်စုံအောင် (ပြင်ဦးလွင်)တို့ အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။

 

အစီအစဉ်အရ Junior Golf Myanmar မှ အဖွဲ့ဝင်ဒေါ်မြင့်မြင့်သန်းမှအမျိုးသမီး ၁၈နှစ်အောက်သက်တန်းတွင် စုစုပေါင်းရိုက်ချက် ၁၈၄ချက်ဖြင့် တတိယဆုရရှိသော အေးစုအောင်(ရန်ကုန်) အားလည်းကောင်း၊စုစုပေါင်းရိုက်ချက် ၁၈၂ချက်ဖြင့် ဒုတိယဆုရရှိသော စုနှင်းဖြူ (ရန်ကုန်)လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၈ချက်ဖြင့် ပထမဆုရရှိသော မိုးပြည့်စုံခင်(ရန်ကုန်)အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဦးအောင်မြင့်ဦးမှ အသက်၁၈အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၂ ချက်ဖြင့် တတိယဆုရရှိသော ဟိန်းနိုင်ဇင် (ရန်ကုန်)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၂ချက်ဖြင့် ဒုတိယဆုရရှိသော ကောင်းပြည့်ဖြိုးကျော် (တောင်ငူူ)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁ချက်ဖြင့် ပထမဆုရရှိသော အောင်မင်းသန့် (မော်လမြိုင်)အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေးမှ Professional အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ၃ ချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၁၄၁ ချက်ဖြင့် ပထမဆုရရှိသော ကျော်သက်ဦး အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။

 

ယခုပြိုင်ပွဲသို့ တောင်ငူ၊ မကွေး၊ ပြင်ဦးလွင်၊ မြိတ်၊ ရွှေဘို၊ မော်လမြိုင်၊ စစ်တွေနှင့် မန္တလေး အစရှိသော ပြည်နယ်/တိုင်းများမှ မျိုးဆက်သစ်လူငယ်ဂေါက်ရိုက်အားကစားသမားများ လာရောက်ယှဉ်ပြိုင်ကြသည်။