News

၂၀၂၄ခုနှစ် နိုဝင်ဘာလ ၇ရက်မှ ၁၀ရက်နေ့အထိ ထိုင်းနိုင်ငံ Royal Hills Golf Resort ၌ ကျင်းပသည့် All Thailand Golf Tour ၏ပြိုင်ပွဲတစ်ခုဖြစ်သော Singha Classic 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ဖြစ်သော  ကျော်သက်ဦး ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ကျော်သက်ဦးက ၇၀+၆၈+၆၉+၆၇ ချက်ဖြင့်စုစုပေါင်း ၂၇၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၆ ချက်လျော့ရိုက်၍လည်းကောင်း၊ Newport LAPAROJKIT (ထိုင်း)ကလည်း ၆၄+၆၄+၇၃+၇၃ ချက်ဖြင့်စုစုပေါင်း ၂၇၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၆ ချက်လျော့ရိုက်ကာ ပထမနေရာတွင် ရိုက်ချက် တူညီနေသောကြောင့် ကျော်သက်ဦးနှင့် Newport LAPAROJKIT (ထိုင်း)တို့သည် ကျင်းပို (၁)ကျင်းထပ်မံယှဉ်ပြိုင်ပြီး ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် Newport LAPAROJKIT (ထိုင်း)က ပထမ၊ ကျော်သက်ဦး (မြန်မာ)ကဒုတိယ၊ Thanyakon KHRONGPHA (ထိုင်း)က သတ်မှတ်ရိုက်ချက် ၂၈၀ ချက်ရိုက်ပြီး တတိယဆု ရရှိခဲ့သည်။ ကျော်သက်ဦးနှင့်အတူဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ဆန်းမျိုးမှာ ၇၁+၇၅+၇၇+၇၉ ချက်ဖြင့်စုစုပေါင်း ၃၀၂ချက်ဖြင့် အဆင့် ၆၂ ၌ ရပ်တည်နိုင်ခဲ့ပါသည်။

ယခုပြိုင်ပွဲတွင်ကစားသမား ၁၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကျော်သက်ဦးသည် ဒုတိယဆုကိုဆွတ်ခွတ်ခူး ရရှိခဲ့သဖြင့် ဆုကြေးအဖြစ် ထိုင်းဘတ် ၂၈၅၀၀၀ ဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုအေးမှလည်း ထပ်ဆောင်းဂုဏ်ပြုငွေ ထပ်မံချီးမြှင့်ခဲ့သည်။
ကျော်သက်ဦးသည် All Thailand Golf Tour နှင့် Thailand PGA Tour တို့ကစီစဉ်ကျင်းပလျက်ရှိ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်သည်။