၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေတို့မှစီစဉ်၍ မြဝတီဘဏ်လီမိတက်နှင့်အင်းဝဘဏ်လီမိတက်တို့မှ အဓိက ကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်)ပွဲစဉ်ကို နိုဝင်ဘာ ဒုတိယ အပတ်တွင် ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင်ဂေါက်ကွင်း၌ကျင်းပမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေတို့မှစီစဉ်၍ မြဝတီဘဏ်လီမိတက်နှင့်အင်းဝဘဏ်လီမိတက်တို့မှ အဓိက ကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်)ပွဲစဉ်ကို နိုဝင်ဘာ ဒုတိယ အပတ်တွင် ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင်ဂေါက်ကွင်း၌ကျင်းပမည်ဖြစ်သည်။

News and Activities

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝါသနာရှင်အဆင့်ပြိုင်ပွဲနှင့် သက်ကြီးတန်းပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်အောင်က ရန်ကုန်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း အမှုဆောင် ဦးစစ်တိုင်းအောင်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် ဝါသနာရှင်အဆင့် သက်ကြီးတန်းအားကစားသမားများဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ရွှေက ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၁၅၆ ချက်ဖြင့် ဒုတိယရရှိသည့် ဦးဆန်းမင်း၊ စုစုပေါင်းရိုက်ချက် ၁၅၃ ချက်ဖြင့် ပထမဆုရရှိသော ဦးကိုကိုအေးတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်…

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၉ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ ဝါသနာရှင် အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ တွဲဖက်အတွင်းရေးမှူး ဦးမြင့်အောင်နှင့်ဦးကျော်ကိုကိုချစ်၊ ဘဏ္ဍာရေးမှူး ဦးဇေယျာအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင် မောင်ဝင်း၊ ဦးအောင်ကိုဇော်နှင့် ရန်ကုန်ဂေါက်ကွင်း အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။ ယနေ့ ပြိုင်ပွဲတွင် ဝါသနာရှင် အဆင့်…

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၆ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ (၉)မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ဖေဖော်ဝါရီ (၁၆)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။ ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးတင်မောင်မောင်ဝင်းမှ မြန်မာဂေါက်သီးရိုက်အသင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အားပေးအပ်ရာ မြန်မာဂေါက်သီးရိုက်အသင်း အတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ လက်ခံရယူသည်။ ထို့နောက် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးမှ အသက်အငယ်ဆုံးနှင့် ကြိုးစားယှဉ်ပြိုင်သော လင်းမြတ်မွန်အား လည်းကောင်း၊ မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဒေါက်တာချိုထွန်းမှ အသက် ၁၂နှစ်အောက်သက်တမ်း တွင်စုစုပေါင်းရိုက်ချက် ၁၈၁ ချက်ဖြင့် ဒုတိယဆုရရှိသော ရဲမင်းသန့် အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁…

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ (၉)မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက် အသင်း၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ Junior Golf Myanmar (JGM)၊ မြန်မာဂေါက်သီးရိုက်အသင်း မှအမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဒေါက်တာချိုထွန်း၊ Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကိုကိုချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်း၊ Junior Golf Myanmar…

score

Live Score

Rule of Golf

rule-of-golf