အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ

အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် အောင်မြင်မှုရရှိ ———————– ဧပြီ ၁၂ ရက်မှ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် CAA Women’s Golf Championship USA 2019 ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမားမယ် ဖူးပွင့်ရတီခိုင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင် တက်ရောက်ပညာသင်ကြားနေရင်းမှ ကျောင်းကိုယ်စားပြုကာ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ အသင်းလိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင်နှင့် ကစားဖော်များပါဝင်သည့် UNCW အသင်းက ချန်ပီယံဆုရခဲ့ပြီး တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဖူးပွင့်ရတီခိုင်မှာ ချန်ပီယံဆုရရှိခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် ကျောင်းကိုယ်စားပြုယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံသူအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Details

Myanmar Golf Tour 2019

၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့မှ ကြီးမှူးပြီး ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများကို Myanmar Zwe Mann Co Ltd မှအဓိကကူညီပံ့ပိုးပေးသော ပထမပွဲစဉ်အား မေ (၂၃)ရက်မှ(၂၆)ရက်နေ့အထိမော်လမြိုင်မြို့ ရွှေနတ်တောင် ဂေါက်ကွင်းတွင်လည်းကောင်း၊ Myawaddy Bank Ltd မှအဓိကကူညီပံ့ပိုးပေးသော ဒုတိယပွဲစဉ်အား ဇွန်(၁၃)ရက်မှ (၁၆)ရက် နေ့အထိ ပဲခူးမြို့ ဟံသာဝတီဂေါက်ကွင်းတွင်လည်းကောင်း၊ Telecom International Myanmar Co., Ltd (Mytel)မှ အဓိကူညီပံ့ပိုးပေးသော တတိယပွဲစဉ်အား စက်တင်ဘာ(၁၇)ရက်မှ(၂၀)ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံဂေါက်ကွင်း တွင်လည်းကောင်း၊ SAE PAING Development Ltd မှအဓိကူညီပံ့ပိုးပေးသောစတုတ္ထပွဲစဉ်အား အောက်တိုဘာ (၁)ရက်မှ(၄)ရက်…

Details

The 2018 Hills Taiwan Junior Open

The 2018 Hills Taiwan Junior Open Date: Wednesday, 15 August 2018 to Friday, 17 August 2018 Venue: TongHwa Golf Club, Taipei The 2018 Hills Taiwan Junior Open ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော YAR ZAR AUNG ၏ Day One Score ဖြစ်ပါသည်။

Details

OGATOUR

USA Florida တွင်​ OGATOUR.ORG မှစီစဉ်​ကျင်းပလျက်​ရှိ​သော MGT ( Moonlight Golf Tour)လက်​ရည်​စစ်​ပြိုင်​ပွဲတွင်​ ၀င်​​ရောက်​ယှဉ်ပြိုင်​​နေ​သောမြန်​မာနိုင်​ငံသား Professional ကစားသမားဟိန်းစည်​သူ၏ Score ဖြစ်​ပါသည်​။