မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်ရွှေတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈…

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ Professional ကစားသမားများ လက်ရည်စစ်ပွဲအောင်မြင်

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ Professional ကစားသမားများဖြစ်ကြသည့် ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုးနှင့် ကျော်သက်ဦးတို့သည် လက်ရည်စစ်ပွဲ အောင်မြင်ပြီး 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည် လက်ရည်စစ်ပွဲကို ထိုင်းနိုင်ငံ Kabinburi Sport Club, Prachinburi တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၂ရက်မှ ၂၅ရက်နေ့အထိ ပထမအဆင့် လက်ရည်စစ်ပြိုင်ပွဲအား ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဘိုဘိုလေး၊ ဇော်ဇော်လတ်၊ သီဟဌေး၊ စိုးမိုးဝင်းနှင့်ရန်မျိုးအေးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဘိုဘိုလေးက စုစုပေါင်းရိုက်ချက် ၂၈၉ချက်၊ ဇော်ဇော်လတ်က စုစုပေါင်းရိုက်ချက် ၂၉၀ချက်နှင့် သီဟဌေးက စုစုပေါင်းရိုက်ချက် ၂၉၉ချက်တို့ဖြင့် ပထမအဆင့် လက်ရည်စစ်ပွဲကိုအောင်မြင်ခဲ့ကြသည်။ 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ…

၂၀၂၂ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲ ပထမနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ သိန်းနိုင်စိုး (HAN Golf Academy)က သတ်မှတ်ရိုက် ချက်ထက် (၄)ချက်လျော့ရိုက်ကာ ပထမ၊ ရာဇာ (NPTDC) ကသတ်မှတ် ရိုက်ချက် ထက် (၁)ချက် လျော့ရိုက်၍ ဒုတိယ၊ မျိုးဝင်းအောင် (PRGR)နှင့် ရန်မျိုးအေး(Yangon Golf Store)တို့ကသတ်မှတ် ရိုက်ချက် (၇၂)ချက်စီဖြင့် တတိယအဆင့်တို့တွင် လည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လှိုင်မြင့်ဇော်ကသတ်မှတ် ရိုက်ချက်ထက်…

၂၀၂၂ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်)ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၁၄ ===================================== မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော် အရာရှိကြီးများ၊ Mytel Operator မှတာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ အင်းဝဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ Mytel…

Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီ ပံ့ပိုးသော Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကိုရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။   ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးမှ နုတ်ခွန်းဆက်အမှာစကားပြောကြားသည်။   ထို့နောက် Burmese Golf Myanmar မှ ဒါရိုက်တာ ဦးရဲလွင်ဦးမှ အသက် ၁၂နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၃ချက်ဖြင့် တတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း(တောင်ငူ)အားလည်းကောင်း၊စုစုပေါင်းရိုက်ချက် ၁၇၂ချက်ဖြင့် ဒုတိယဆုရရှိသော ချွယ်ဝမ် (ရန်ကုန်)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၁ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင် (မြိတ်)တို့အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။   ဆက်လက်ပြီး Junior Golf…