News

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇာနည်ဝင်းတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

ယနေ့ ပြိုင်ပွဲတွင် Tour Pro အဆင့် ၃၉ ဦး၊ Senior Pro အဆင့် ၃၅ ဦး၊ ဝါသနာရှင်အဆင့် (၅)ဦး စုစုပေါင်း အားကစားသမား ၇၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွား မည်ဖြစ်ပြီး းနှင့် မျိုးဆက်သစ်လူငယ်အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲကို မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်တွင် ဖေဖော်ဝါရီ ၁၅ရက်နှင့် ၁၆ရက်နေ့များတွင်လည်းကောင်း ဝါသနာရှင်အဆင့် (အမျိုးသား၊အမျိုးသမီး)နှင့် ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲများကို ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) တွင်ဖေဖော်ဝါရီ ၁၉ရက်မှ ၂၂ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်သည်။