မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကို မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ၏ (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်သောင်းမှ မြို့တော်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အားပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်မှ လက်ခံရယူပြီး၊ Burmese Golf Myanmar မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကိုကိုချစ်က စုစုပေါင်းရိုက်ချက် ၂၉၅ချက်ဖြင့် Best Amateur Player ဆုရရှိသူ မင်းစစ်သွေးအား ပေးအပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက Senior Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၂၁ချက်ဖြင့်…

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇာနည်ဝင်းတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။…