News

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ၏ (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဆက်လက်ပြုလုပ်သည်။
ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်သောင်းမှ မြို့တော်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အားပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်မှ လက်ခံရယူပြီး၊ Burmese Golf Myanmar မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကိုကိုချစ်က စုစုပေါင်းရိုက်ချက် ၂၉၅ချက်ဖြင့် Best Amateur Player ဆုရရှိသူ မင်းစစ်သွေးအား ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက Senior Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၂၁ချက်ဖြင့် တတိယဆုရရှိသော စိုးကျော်နိုင်(Taylormade)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၂၂၀ချက်ဖြင့် ဒုတိယဆုရရှိသော ကျော်မိုး (Green Joy Pro Shop) တို့အားလည်ကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်ရွှေမှ စုစုပေါင်းရိုက်ချက် ၂၁၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၂ချက်လျော့ရိုက်ကာ ပထမဆုရရှိသော ဦးမင်းနိုင်အားပထမဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး Professional အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများကို ပေးအပ်ချီးမြှင့်ရာ Junior Golf Myanmar ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးက စုစုပေါင်းရိုက်ချက် ၂၈၁ချက်ဖြင့်သတ်မှတ်ရိုက်ချက်ထက် ၇ချက်လျော့ရိုက်ကာ တတိယဆုရရှိသည့် သိန်းနိုင်စိုး (HAN Golf Academy) အားလည်းကောင်း၊ Tournament Director ဦးဌေးအောင်မှ စုစုပေါင်းရိုက်ချက် ၂၇၈ချက်ဖြင့်သတ်မှတ်ရိုက်ချက်ထက် ၁၀ချက်လျော့ရိုက်ကာ ဒုတိယရရှိသည့် ရာဇာ (MGG)အားလည်ကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးသန့်ဇင်မှ စုစုပေါင်းရိုက်ချက် ၂၆၅ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၂၃ချက်လျော့ကာ ပထမဆုရရှိသော ကျော်သက်ဦး (Okkala Golf Academy & Tee off Apparel) အားလည်းကောင်းဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးညီညီက Senior Professional အဆင့်တွင် ပထမဆုရှိသည့် မင်းနိုင်အား ဆုကြေးငွေချက်လက်မှတ်ကို ပေးအပ်ချီမြှင့်ပြီး၊ မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက Professional အဆင့်တွင် ပထမဆုရရှိသော ကျော်သက်ဦး (Okkala Golf Academy & Tee off Apparel) အား အဖွဲ့ချုပ်ဥက္ကဌ ဖလားနှင့် ဆုကြေးငွေချက်လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဆုရရှိသူများမှ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် စုစုပေါင်းပြိုင်ပွဲအားကစားသမား (၇၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။