News

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ဆက်လက်ကျင်းပသည်။

တတိယနေ့ပွဲစဉ်များအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီး အားကစား အဖွဲ့ချုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက မြို့တော်ဂေါက်ကွင်း(ငွေသော်တာ) သို့ အမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟက အသင်းခေါင်းဆောင်များပြိုင်ပွဲတွင် ဆုရရှိသောသူများအား ဆုများကိုပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ထွန်းက အမျိုးသမီးတစ်ဦးချင်း(အကျောပေး)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် စုစုပေါင်း ၁၅၂ချက်ဖြင့် တတိယယဆုရရှိသော ရန်ကုန်အသင်းမှ စန်းစန်းဝင်း၊ အသားတင်ရိုက်ချက် ၁၄၆ချက်ဖြင့် ဒုတိယဆုရရှိသော မန္တလေးအသင်းမှ ဝါဝါသန့်၊ အသားတင်ရိုက်ချက် စုစုပေါင်း ၁၄၀ ချက်ဖြင့် ပထမဆုရရှိသော ကချင်အသင်းမှ ကျန်ချင်းရီ၊ အမျိုးသမီးတစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၁၇၄ ချက်ဖြင့် တတိယဆုရရှိသော ကချင်အသင်းမှ ရန်နား၊ စုစုပေါင်းရိုက်ချက် ၁၇၀ ချက်ဖြင့် ဒုတိယဆုရရှိသော ရန်ကုန်အသင်းမှ မိုးပြည့်စုံခင်၊ စုစုပေါင်းရိုက်ချက် ၁၆၅ချက်ဖြင့် ပထမဆုရရှိသော နေပြည်တော်အသင်းမှ ဝိုင်းဝိုင်းတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်လွင်လွင်အောင်က အမျိုးသမီးအသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် စုစုပေါင်း အသားတင်ရိုက်ချက် ၂၉၇ချက်ဖြင့် တတိယဆုရရှိသော တနင်္သာရီအသင်း၊ စုစုပေါင်းအသားတင်ရိုက်ချက် ၂၉၄ ချက်ဖြင့် ဒုတိယဆုရရှိသော မကွေးအသင်း၊ စုစုပေါင်း အသားတင်ရိုက်ချက် ၂၈၃ ချက်ဖြင့် ပထမဆုရရှိသော ကချင်အသင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးအသင်းလိုက် (အကျောမဲ့)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၃၅၆ ချက်ဖြင့် တတိယဆုရရှိသော မန္တလေးအသင်း၊ စုစုပေါင်းရိုက်ချက် ၃၅၂ ချက်ဖြင့် ဒုတိယဆုရရှိသော ရန်ကုန်အသင်း၊ စုစုပေါင်းရိုက်ချက် ၃၃၁ ချက်ဖြင့် ပထမဆုရရှိသော နေပြည်တော်အသင်းတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးအောင်ကိုဇော်က အမျိုးသား တစ်ဦးချင်း(အကျောပေး)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် ၁၈၄ ချက်ဖြင့် တတိယဆုရရှိသော ရှမ်း(ခ)အသင်းမှ စိုင်းသန်းအောင်၊ အသားတင်ရိုက်ချက် ၁၈၃ ချက်ဖြင့် ဒုတိယဆုရရှိသော တနင်္သာရီ (က)အသင်းမှ ငွေထွန်း၊ စုစုပေါင်းရိုက်ချက် ၁၈၁ ချက်ဖြင့် ပထမဆုရရှိသော ရှမ်း(ခ)သင်းမှ ကျော်နိုင်ဦး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက အမျိုးသားတစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၁၅ ချက်ဖြင့် တတိယဆုရရှိသော နေပြည်တော်(က)အသင်းမှ ပြည်ဟိန်းဦး၊ စုစုပေါင်းရိုက်ချက် ၂၁၅ ချက်ဖြင့် ဒုတိယဆုရရှိသော ကယား(က)အသင်းမှ သီဟအောင်၊ စုစုပေါင်းရိုက်ချက် ၂၁၀ ချက်ဖြင့် ပထမဆုရရှိသော နေပြည်တော်(က)အသင်းမှ ရာဇာတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက အမျိုးသားအသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် စုစုပေါင်း အသားတင်ရိုက်ချက် ၆၄၂ ချက်ဖြင့် တတိယဆုရရှိသော ကချင်အသင်း၊စုစုပေါင်း အသားတင်ရိုက်ချက် ၆၄၀ ချက်ဖြင့် ဒုတိယဆုရရှိသော ရှမ်း(က)အသင်း၊ စုစုပေါင်း အသားတင်ရိုက်ချက် ၆၂၀ ချက်ဖြင့် ပထမဆုရရှိသော ရှမ်း(ခ) အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အမျိုးသားအသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၆၅၉ ချက်ဖြင့် တတိယဆုရရှိသော စစ်ကိုင်း(က)အသင်း၊ စုစုပေါင်းရိုက်ချက် ၆၅၀ချက်ဖြင့် ဒုတိယဆုရရှိသော နေပြည်တော်(က)အသင်း၊ စုစုပေါင်းရိုက်ချက် ၆၄၉ ချက်ဖြင့် ပထမဆုရရှိသော ကယား(က)အသင်းတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက အမျိုးသားအသင်းလိုက် အကျောမဲ့ တံခွန်စိုက်ဆုဖလားရရှိသည့် ကယား( က) အသင်းအား ဆုဖလား ပေးအပ်ချီးမြှင့်သည်။

ယခုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ သင်းမှ ပြိုင်ပွဲဝင် အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၂၁ဦး စုစုပေါင်း ၁၂၉ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။