အမေရိကန်နိုင်ငံ၌ ကျင်းပသည့် Symetra Tour ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာဂေါက်သီးရိုက်အားကစားမယ် ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ Capitol Hill Golf Club (Prattville, Alabama) ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ဖူးပွင့်ရတီခိုင်သည် ၂၀၂၁ခုနှစ် မေ ၃ ရက်မှ ၅ ရက်နေ့အထိကျင်းပသည့် PGA WORKS Collegiate Championship Women’s Individual ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သဖြင့် Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲကစားစရာမလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည် Symetra Tour မှာ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲဖြစ်သော…