Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရဲထက်အောင် ပူးတွဲတတိယဆုရရှိ

စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ Blue Canyon Country Club (Lakes Course) ၌ ကျင်းပသည့်Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပူးတွဲတတိယဆုရရှိခဲ့သည်။ ရဲထက်အောင်သည် ယင်းပြိုင်ပွဲ ပထမနေ့တွင် ၆၉ချက်၊ ဒုတိယနေ့တွင် ၆၆ ချက်ဖြင့် နှစ်ရက်ပေါင်းရိုက်ချက်၁၃၅ ချက်ရိုက်ကာ သတ်မှတ်ရိုက်ချက်ထက် ၇ ချက်လျော့ရိုက်ပြီး အခြားထိုင်းကစားသမားနှစ်ဦးနှင့်အတူ  ပူးတွဲတတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ထိုင်းနိုင်ငံမှ ကစားသမားများနှင့် မြန်မာနိုင်ငံမှ ရဲထက်အောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် Pol KEMARAT (ထိုင်း) က…