Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဟိန်းစည်သူ Hole In One ဆု ရရှိ

Asian Tour မှကျင်းပသော Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲအား ထိုင်းနိုင်ငံ Laguna Golf Phuket ၌ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်နေ့ထိ ၄ ရက် တာကျင်းပလျက်ရှိရာ မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ဟိန်းစည်သူ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲ ပထမနေ့တွင် Hole In One ဆုရရှိခဲ့သည်။ ဟိန်းစည်သူသည် ယင်းပြိုင်ပွဲ၏ ပထမနေ့တွင် ရိုက်ချက် ၆၉ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက် လျော့ရိုက်ထားပြီး၊ ပြိုင်ပွဲဒုတိယနေ့ကို ဒီဇင်ဘာ ၃ရက်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲ ပထမနေ့တွင် ၂၀၅ကိုက်ရှိသော ကျင်းအမှတ် ၁၆တွင် Srixon သံတုတ် ၆ ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့်…