၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)ပွဲစဉ်အတွက် လက်ရည်စစ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေတို့မှစီစဉ်၍ မြဝတီဘဏ်လီမိတက်နှင့်အင်းဝဘဏ်လီမိတက်တို့မှ အဓိက ကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်)ပွဲစဉ်ကို နိုဝင်ဘာ ဒုတိယ အပတ်တွင် ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင်ဂေါက်ကွင်း၌ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင်ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်(အမျိုးသား)(H’cap 0-12) ဝါသနာရှင်အဆင့်(အမျိုးသမီး) (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်း များအတိုင်း ကျင်းပ မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် လူဦးရေ ကန့်သတ်ထားသောကြောင့် ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲ အတွက် လက်ရည်စစ်ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်အား စီစစ်ရွေးချယ်မည်ဖြစ်သည်။ လက်ရည်စစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)နှင့် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဂေါက်ကလပ်တို့တွင် အောက်တိုဘာ (၃၁)ရက်နေ့နှင့်နိုဝင်ဘာ (၁)ရက် တွင် ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင်လိုသူများအနေဖြင့် အောက်တိုဘာ (၃၀)ရက်နေ့ နေ့လယ် ( ၂)နာရီနောက်ဆုံးထားကာ…

13th Singha Thailand Junior World Golf Championships 2022 ဂေါက်သီးရိုက်ပြိုင်ပွဲသို့ Junior Golf Myanmar မှ ကစားသမားသွားရောက်ယှဉ်ပြိုင်မည်

၂၀၂၂ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၃၀ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် 13th Singha Thailand Junior World Golf Championships 2022 ဂေါက်သီးရိုက်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့သည် အောက်တိုဘာ ၂၅ရက်နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ ပြိုင်ပွဲဝင် မြန်မာဂေါက်သီးရိုက်အဖွဲ့တွင် အဖွဲ့ခါင်းဆောင်အဖြစ် ဦးကျော်မောင်မောင်ဟိန်း၊ အားကစားသမားများအဖြစ် Junior Golf Myanmar (JGM) မှ ထူးမြတ်အောင်၊ Locadio.K ၊ အေးစုအောင်နှင့် လကျ်ာလေးဖြူတို့သည် သက်တန်းအလိုက်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်သည် ကစားသမားများ ပြိုင်ပွဲ အတွေ့ အကြုံရစေရန်နိုင်ငံတကာ ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေလျှက်ရှိသည်။