မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကို မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌ဆက်လက်ပြုလုပ်
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲ၏ (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်အောင်မှ မြို့တော်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်နှင့် ကျင်းအမှတ် (၅)တွင် Hole In One ဆုရရှိသူတို့အား ပေးအပ်ရာ မြို့တော်ဂေါက်ကွင်းအထွေထွေမန်နေဂျာ ဦးမင်းညွန့်နှင့် Hole In One ဆုရရှိသူ ဦးသန်းထွန်းတို့မှ အသီးသီးလက်ခံရယူသည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက စုစုပေါင်းရိုက်ချက် ၂၈၉ချက်ဖြင့်…