၂၀၂၂ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲ ပထမနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ သိန်းနိုင်စိုး (HAN Golf Academy)က သတ်မှတ်ရိုက် ချက်ထက် (၄)ချက်လျော့ရိုက်ကာ ပထမ၊ ရာဇာ (NPTDC) ကသတ်မှတ် ရိုက်ချက် ထက် (၁)ချက် လျော့ရိုက်၍ ဒုတိယ၊ မျိုးဝင်းအောင် (PRGR)နှင့် ရန်မျိုးအေး(Yangon Golf Store)တို့ကသတ်မှတ် ရိုက်ချက် (၇၂)ချက်စီဖြင့် တတိယအဆင့်တို့တွင် လည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လှိုင်မြင့်ဇော်ကသတ်မှတ် ရိုက်ချက်ထက်…

၂၀၂၂ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်)ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၁၄ ===================================== မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော် အရာရှိကြီးများ၊ Mytel Operator မှတာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ အင်းဝဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ Mytel…