(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ဆက်လက်ကျင်းပသည်။ တတိယနေ့ပွဲစဉ်များအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီး အားကစား အဖွဲ့ချုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက မြို့တော်ဂေါက်ကွင်း(ငွေသော်တာ) သို့ အမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟက အသင်းခေါင်းဆောင်များပြိုင်ပွဲတွင် ဆုရရှိသောသူများအား ဆုများကိုပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ထွန်းက အမျိုးသမီးတစ်ဦးချင်း(အကျောပေး)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် စုစုပေါင်း ၁၅၂ချက်ဖြင့် တတိယယဆုရရှိသော ရန်ကုန်အသင်းမှ စန်းစန်းဝင်း၊ အသားတင်ရိုက်ချက် ၁၄၆ချက်ဖြင့် ဒုတိယဆုရရှိသော မန္တလေးအသင်းမှ ဝါဝါသန့်၊ အသားတင်ရိုက်ချက် စုစုပေါင်း ၁၄၀ ချက်ဖြင့်…

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့မှကြီးမှူး၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးမှ ဝန်ကြီးများ၊ အရာရှိကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊  မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် အသင်းများမှအားကစားသမားများတက်ရောက် ကြသည်။ ပထမဦးစွာ အားကစားသမားများသည် သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အားကစားအဓိဌာန် ၄ချက်ကို ရွတ်ဆိုပြီး၊ တတ်ရောက်လာကြသော တာဝန်ရှိလူကြီးများမှ အားကစားသမားအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန…