မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကျင်းပ

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝါသနာရှင်အဆင့်ပြိုင်ပွဲနှင့် သက်ကြီးတန်းပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်အောင်က ရန်ကုန်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း အမှုဆောင် ဦးစစ်တိုင်းအောင်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် ဝါသနာရှင်အဆင့် သက်ကြီးတန်းအားကစားသမားများဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ရွှေက ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၁၅၆ ချက်ဖြင့် ဒုတိယရရှိသည့် ဦးဆန်းမင်း၊ စုစုပေါင်းရိုက်ချက် ၁၅၃ ချက်ဖြင့် ပထမဆုရရှိသော ဦးကိုကိုအေးတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်…