Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီ ပံ့ပိုးသော Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကိုရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။   ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးမှ နုတ်ခွန်းဆက်အမှာစကားပြောကြားသည်။   ထို့နောက် Burmese Golf Myanmar မှ ဒါရိုက်တာ ဦးရဲလွင်ဦးမှ အသက် ၁၂နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၃ချက်ဖြင့် တတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း(တောင်ငူ)အားလည်းကောင်း၊စုစုပေါင်းရိုက်ချက် ၁၇၂ချက်ဖြင့် ဒုတိယဆုရရှိသော ချွယ်ဝမ် (ရန်ကုန်)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၁ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင် (မြိတ်)တို့အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။   ဆက်လက်ပြီး Junior Golf…